Chapter 8_U

20.8K 1.6K 22
                                    

တူလေး၏ အော်ငိုသံကြောင့် ခန့်ညားမောင်တစ်ယောက် နိုးလာခဲ့သည်။ အိပ်ချင်မူးတူးဖြင့် နာရီကိုကြည့်လိုက်တော့ မနက် ၈နာရီ။

ညကတော့ တူတော်မောင်ကြောင့် ခန့်ညားမောင်တစ်ခါသာထရသည်။ ဒင်းလေးက ရှူးပေါက်ချထားပြီး အာပြဲကြီးနှင့် အော်ငိုလာခြင်းဖြစ်သည်။ ခန့်ညားမောင် ကိုမြတ်သူတို့ လင်ခင်ပွန်းနှစ်ယောက်ကိုလဲ အားနာမိပါသည်။

သေးစိုဝတ်ကိုလဲပေးပြီး ရေစွတ်ထားသော ဂွမ်းစလေးနဲ့ ဆေးကြောကာ ပေါင်ဒါလေးပုတ်ပေးပြီး အနှီးသန့်သန့်လေးနှင့်ပတ်ပေးလိုက်တော့ ကလေးငယ်မှာ ခုနကအာပြဲနှင့်သောင်းကျန်းငိုထားတာ သူမဟုတ်သည့်အတိုင်း မျက်လုံးလေးပြူးကာ ဟိုကြည့်သည်ကြည့်နှင့်။

ဒင်းလေးကိုပွေ့ချီပြီး အိပ်ပျော်အောင်ချော့သိပ်ပြီးမှ ခန့်ညားမောင်လည်းပြန်အိပ်ရသည်။

အခုလည်း အာပြဲနှင့် အသံတွေတုန်ကာ အော်ငိုနေပြန်သည်။ ကလေးငိုသံကြောင့်ထင်သည်။ ကိုခန့်မင်းညိုက အိမ်ရှေ့မှ ဧည့်ခန်းအတွင်းသို့ ဝင်လာခဲ့ပြီး ခန့်ညားမောင်အားလှမ်းပြောလာသည်။

" ညီလေး ကလေးက နို့ဆာနေပြီထင်တယ် နို့ဘူးအစ်ကိုဖျော်ပေးမယ် အတိုင်းအတာဘယ်လောက်ထည့်ရလဲ ပြော"

ခန့်ညားမောင်က နို့ဖျော်ရန် အတိုင်းအတာနှင့် သတိထားရမည့် အချက်များကိုပြောပြပြီးနောက် ခန့်မင်းညိုက နို့ဘူးသွားဖျော်တော့သည်။

ခန့်ညားမောင်ကတော့ အာပြဲစိန်တူတော်မောင်၏ အနှီးလေးကိုဖွင့်ကြည့်လိုက်သည့်အချိန်တွင်တော့ ဝါဝါထိန်ထိန်အရာလေးများက ဆီးကြိုနေတာမို့ ဒင်းလေးကို သန့်ရှင်းရေးလုပ်ပေးရတော့သည်ပေါ့။ ခန့်ညားမောင် ကလေးအား သန့်ရှင်းရေးလုပ်ပေးပြီးချိန်တွင်တော့ အဆင်သင့်ဖြစ်နေသော နို့ဘူးကိုကိုင်လာသည့် ခန့်မင်းညိုက ခန့်ညားမောင်အနီးသို့ရောက်လာကာ ခန့်ညားမောင်ကို ပြောလိုက်၏။

"ပေး ကလေးကို အကိုနဲ့ မြတ်လေးက နို့ဘူးတိုက်လိုက်မယ် ... ညီလေးက မျက်နှာသစ်လုပ်စရာရှိတာလုပ်ပြီး မနက်စာစားလိုက် ... မနက်စာက မီးဖိုချောင်ထဲက စားပွဲပေါ်မှာ အုပ်ဆောင်းနဲ့အုပ်ထားတယ်"

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Donde viven las historias. Descúbrelo ahora