Chapter 29_U

15.2K 1.1K 57
                                    

ဘုန်းမိုရ်နှင့် ဈာန်၏ ရွာမှ မင်္ဂလာပွဲက ချောချောမွေ့မွေ့ပင်ပြီးဆုံးသွားခဲ့သည်။

ဦးမင်းညိုတို့မိသားစုကတော့ ရွာတွင် အတော်လေးကိုနာမည်ကြီးသွားခဲ့သည်။

သားအကြီးကလည်း အရင်လိုမဆိုးသွမ်းတော့ဘဲ လိမ္မာလာသလို သားအလတ်ကလည်း ခက်မမြို့မြို့တော်ဝန်နှင့် အကြောင်းပါခဲ့သည်မို့ ဦးမင်းညိုတို့လင်မယားကို ကံအရမ်းကောင်းကြသည်ဆိုပြီး ရွာထဲကလူများက အားကျနေကြသည်။

ဦးမင်းညိုနှင့် ဒေါ်သက်မာကလည်း တပြုံးပြုံးပေါ့။

သားအကြီးနှင့်ရသည့် သမက်လေးကတော့ လိမ္မာယဉ်ကျေး ခပ်အေးအေးလေးနဲ့ သိတတ်သူ။

သားအလတ်နှင့်ရသည့် သမက်က မြို့တော်ဝန်ဖြစ်ပြီး ကျိကျိတက်ချမ်းသာတဲ့အပြင် သားအပေါ်လည်းအရမ်းချစ်မြတ်နိုးပေးတဲ့သူ။

ပူစရာဆိုလို့ သမီးတစ်ယောက်ပဲ ကျန်တော့သည်လေ။

"ကိုမင်းညိုတို့ကတော့ သွဲ့သွဲ့တစ်ယောက်ပဲ ပူရတော့မယ် ... ကျွန်တော်ကတော့ ရွှေရည်ထွန်းနဲ့ပိုင်သူစိုး မောင်နှမနှစ်ယောက်အတွက်ပူနေရတုန်းပဲ"

ခန့်မင်းညိုတို့ ဘကြီး ဦးသက်မောင်ရဲ့ အမျိုးသားဖြစ်သူ ဦးမျိုးသီဟ က သက်ပြင်းချရင်းပြောလာသည်။

"ဖေဖေကနော် သမီးက အပူမရှာချင်သေးလို့ပါဆို"

ရွှေရည်ထွန်းတို့က ထုံးစံအတိုင်းပက်ခနဲ ပြန်ပြောလာသည်။

ဦးမျိုးသီဟကလည်း သူ့သမီး၏ စကားအား ချက်ချင်းတုန့်ပြန်သည်။

"ညည်းအပူရှာချင်တဲ့ အချိန် ဘိုးဘွားရိပ်သာရောက်နေမှာစိုးလို့လေ"

"တူမလေးက ဖူးစာရှင်မတွေ့သေးလို့ပါ အချိန်မှန်တွေ့လာမှာပေါ့နော့ ရွှေရည်"

ဒေါ်သက်မာက ရွှေရည်ထွန်းဘက်က ဝင်ပြောပေးတော့ ရွှေရည်ထွန်းတို့က ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံလိုက်သည်။

"ငညိုတို့က မြို့ပေါ်ပြောင်းလာမှာ ကိုမင်းညိုနှင့် သက်မာက မြို့ပေါ်မှာလိုက်မနေဘူးဆို"

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Donde viven las historias. Descúbrelo ahora