Chapter 31_U

14.4K 1.2K 92
                                    

လေးလံနေသောမျက်လုံးများအား ဖွင့်လိုက်တော့ ဈာန်အတော်လေးကို ရင်းနှီးခဲ့ပြီး မနှစ်မြို့စရာကောင်းသည့် အခန်းအတွင်းသို့ရောက်ရှိနေကြောင်း ဈာန်သတိထားမိသွားသည်။

ဈာန်ကောင်းကောင်းကြီးမှတ်မိတာပေါ့။

ဒီအခန်းက သူ့ဘဝကြီးစတင်ပျက်စီးခဲ့တဲ့နေရာ၊ သူမချစ်မနှစ်သက်တဲ့သူနဲ့ အတူနေခဲ့ရတဲ့ အတူတူအိပ်စက်ခဲ့ရတဲ့ သူ့အတွက် ငရဲလိုနေရာ ဖြစ်သည်။

သူဘေးဘယ်ညာကို ကြည့်လိုက်တော့ သူ့ဘေးမှာအိပ်နေတဲ့ ဇွဲနန္ဒ။

ဈာန် အရမ်းကိုလန့်သွားခဲ့ပြီးတုန်လှုပ်ခြောက်ခြားသွားခဲ့သည်။

ဒီပုံစံ ဒီအနေအထား သူအရမ်းကြီးကိုရင်းနှီးနေသည်။

ဒါ ဒါ ဇွဲနန္ဒသူ့ကို ဆေးခပ်ပြီး အပိုင်သိမ်းခဲ့တဲ့အချိန်မလား။

ထိုစဉ် အခန်းတံခါးက ပွင့်လာပြီး မိုးနန္ဒက အရင်ဝင်လာကာ ဘကြီးတို့ လင်ခင်ပွန်းနှစ်ယောက်နှင့် ဇွဲနန္ဒ၏မိဘများပါ အခန်းအတွင်းသို့ဝင်လာခဲ့သည်။

မဟုတ်ဘူး ... မဖြစ်ရဘူး ... သူဦးနဲ့လက်ထပ်ပြီးပြီလေ။

နှုတ်ဖျားမှလည်း ဆက်တိုက်ရေရွတ်မိသည်။

"ဦး ... ကိုကြီး ကျွန်တော့်ကိုကယ်ပါ ... ကျွန်တော် ဒီဘဝကြီးထပ်မရောက်ချင်တော့ဘူး ... ဦး ... ဦးရေ ကျွန်တော့်ကိုလာကယ်ပါ"

ဘုန်းမိုရ် ရင်ခွင်ထဲမှ ယောင်ယမ်းနေသည့် ဈာန်ကြောင့် နိုးလာခဲ့သည်။

ဈာန်က အိမ်မက်ဆိုးမက်နေပုံပင်။

ချွေးစေးများပင်ထွက်နေသည်။

ဘုန်းမိုရ် ဈာန့်အား အသာအယာလှုပ်နှိုးလိုက်သည်။

"ဈာန် ကလေးလေး ထပါဦး"

ဦး၏ စကားသံနှင့် လှုပ်နှိုးမှုကြောင့် ဈာန် အိပ်မက်မက်နေရာမှ လန့်နိုးလာပြီး အသိဝင်လာခဲ့သည်။

ဈာန် သူ့အား စိုးရိမ်တကြီး ကြည့်နေသည့် ဦး ၏ မျက်နှာကိုမြင်တော့မှ စိတ်သက်သာရာရသွားသလို ဦး၏ခါးကိုဖက်ကာ ရင်ခွင်ထဲတိုးဝင်လိုက်ပြီး ငိုရှိုက်မိတော့သည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now