နေ့ရက်ကာလတို့က တစ်ဖြည်းဖြည်းကုန်ဆုံးလာကြကာ ရာသီတွေအလီလီကူးပြောင်းလာကြပြီး တစ်ရက်ပြီး တစ်ရက် လှုပ်ရှားရုန်းကန်ကြရင်းပင် သုံးနှစ်ကျော်ဆိုသောကာလက ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
သုံးနှစ်ကျော်ဆိုသောကာလအတွင်းမှာတော့ အဖြစ်အပျက် အပြောင်းအလဲများကတော့ မျိုးစုံပါပဲ။
ဈာန်က ကိုဘုန်းမိုရ်အတွက် တေဇဘုန်းမိုရ်ဆိုသည့် သားဦးလေးမွေးပေးခဲ့ပြီး ယခုဆိုလျှင် နောက်တစ်ဗိုက်ပင် ရနေပြီဖြစ်သည်။
ဈာန်က တတိယနှစ်ကိုဆက်တက်ခဲ့ပြီး ဘွဲ့ရပြီးပြီးခြင်းပင် နောက်တစ်ဗိုက်ထပ်ရလာတာဖြစ်သည်။
တေဇဘုန်းမိုရ်က အခုဆိုလျှင် နှစ်နှစ်ခွဲကျော်ပြီဖြစ်သည်။
တေဇလေးက နှစ်နှစ်ခွဲကျော်ပင်ရှိသော်လည်း အခြားကလေးများထက် ဉာဏ်ထက်သည်။
အနေလည်း အေးကာ ကိုဘုန်းမိုရ်နှင့် အတော်လေးကို ဆင်တာကြောင့် ချောမောလွန်းသည့်မျက်နှာလေးကို ပိုင်ဆိုင်ထားသည့်တေဇမှာ တဆွေလုံးတမျိုးလုံးက ဝိုင်းချစ်ကြသလို အိမ်က လေးနှစ်ကျော်သွားပြီဖြစ်သည့် ကိုကိုမြတ်မင်းမောင် ၏ အသဲကျော်ဖြစ်သည်။
မူကြိုပိတ်ရက်များတွင်ဆို မိုးလင်းတာနှင့် ကိုမြတ်မင်းမောင်တို့က "တေဂျချီ တွားမယ်" ဟု အတင်းဂျီကျသည်။
မြတ်မင်းမောင်ဆိုသည့် ဆရာသမားက အခုထိ စကားမပီသေး။
ဖြူလုံးလုံးပေါက်စီလုံးက အခုထိပုံစံမပျက်သေးပဲ ပိုမိုကြီးမားသည့် ပေါက်စီလုံးလေးဖြစ်လာသည်။
လေးနှစ်အရွယ်ပေါက်စီလုံးက ပဲအရမ်းများသည်။
မိုးလင်းတာနှင့် သနပ်ခါး ခေါင်းအစခြေအဆုံးလိမ်းသည်။
သနပ်ခါးကို ဒိုင်ခံသွေးပေးသူကတော့ ဖေကြီးဒယ်ဒယ်ကိုခန့်မင်းညိုပါပင်။
မသွေးပေးလို့လဲ မရ။
ကိုယ်တော်လေးက အရမ်းလှချင်သည်လေ။
မြတ်လေးကတော့ အလိုလိုက်သည့်အဖေနှင့် အရမ်းလှချင်သည့် သားကိုကြည့်ပြီး မနိုင်သဖြင့် ခေါင်းခါယုံသာတတ်နိုင်သည်။
YOU ARE READING
အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)
Romanceပေါ့ပေါ့ပါးပါး အချိုလေးပါ။ ခုမှစရေးတဲ့အတွက် ကောင်းချင်မှကောင်းမှာပါ။ အစပိုင်းကတော့ C-novel လေးတစ်ပုဒ်က အကြောင်းအရာတစ်ခုကို inspire ယူထားပါတယ်။ အပျော်တမ်းရေးခြင်းဖြစ်ပါတယ် ။လမ်းကြုံရင် ဝင်ဖတ်သွားကြပါဦးလို့။ ကိုယ်Inspire ယူထားတဲ့ novel ကတော့ The Spiri...