Chapter 43_U

13K 1K 37
                                    

လေးဆယ့်ငါးမိနစ်ခန့် ရေဆော့ပြီးနောက်မှာတော့ မိသားစုသုံးယောက် တဲပေါ်သို့ပြန်တက်ကာ ရေစိုဝတ်များကို ချွတ်ပြီး ခန္ဓာကိုယ်ကိုသဘက်ဖြင့် ရေပြောင်အောင်သုတ်ကာ အဝတ်အစားများပြန်ဝတ်ကြသည်။

သိပ်ကြာကြာလည်းမဆော့လိုပေ။

အကြောင်းမှာ ရေပူစမ်းက ကန့်ဓာတ်ရှိတာကြောင့် အကြာကြီးစိမ်ပါက သားကိုထိခိုက်မှာစိုးတာကြောင့်ပင်။

ရေစိုဝတ်များကိုတော့ ရေညှစ်ပြီး လှေကားလက်ရန်းပေါ်တွင် တင်လှမ်းထားသည်။

မြတ်လေးက အဝတ်ချိတ်များ ညှပ်များမရှိတာကြောင့် အဝတ်များ ချောင်းအတွင်းသို့ပြုတ်ကျကာ မျောမပါသွားစေရန် အဝတ်အစားများ၏ အစွန်းနှစ်ဖက်ကို သေချာချည်ထားလိုက်သည်။

မြတ်လေး အဝတ်လှမ်းနေစဉ် ခန့်မင်းညိုက အလှကြိုက်သည့်သားကြောင့် သယ်လာသည့် ကျောက်ပြင်နှင့် သနပ်ခါးတုံး၊ သနပ်ခါးလိမ်းသည့်သွားပွတ်တံထည့်ထားသည့်အိတ်ကို ကားပေါ်မှ သွားပြန်ယူရသည်။

ကျောက်ပြင်နှင့် သနပ်ခါးတုံး ထည့်ခဲ့တာ မှန်သွားသည်။

အခုတောင် ဆရာသမားက မပါလာဘူးထင်ကာ မျက်နှာက ရှုံ့မဲ့မဲ့။

ကျောက်ပြင်နှင့် သနပ်ခါးတုံးကို ကားထဲမှယူလာပြီးနောက် သွေးရသည့် တာဝန်ကိုတော့ ဖေကြီးဒယ်ဒယ်က အပြည့်အဝယူရတော့သည်ပေါ့။

ခန့်မင်းညိုက သနပ်ခါးသွေးပြီး မြတ်လေးက သားတော်မောင်ကို လိမ်းပေးရသည်။

သားတော်မောင်က သနပ်ခါးကို ခန့်မင်းညိုလိမ်းပေးလျှင် သိပ်အလိမ်းမခံချင်။

သူကိုယ်တိုင်လည်းမလိမ်း။

မြတ်လေး ကိုသာ အမြဲလိမ်းခိုင်းသည်။

အကြောင်းကတော့ မြတ်လေးက သနပ်ခါးလိမ်းပေးလျှင် သားမျက်နှာထက်မှ သနပ်ခါးက ညီညာနေကာ မှုံညက်နေသောကြောင့်ဖြစ်သည်။

မြတ်လေးကသနပ်ခါးကို သနပ်ခါးလိမ်းသည့်သွားပွတ်တံအပျော့လေးဖြင့် အသာအယာခြစ်ကာလိမ်းပေးပြီး ပါးကွက်ကအစ တစ်ဖက်နှင့် တစ်ဖက် ညီညီညာညာလေးဖြစ်သည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now