လွန်ခဲ့သည့် နှစ်လလောက်က ဘုန်းမိုရ် ခက်မမြို့တက္ကသိုလ်သို့ ခက်မမြို့တက္ကသိုလ်တိုးချဲ့ရေးအစည်းအဝေးကိစ္စနှင့် သွားရောက်ခဲ့သည်။
အစည်းအဝေးပြီးဆုံးသွားပြီးနောက် ဘုန်းမိုရ်နှင့် မင်းသူရက ရုံးသို့ပြန်ရန်အစည်းအဝေးခန်းထဲမှ ထွက်လာခဲ့သည်။
မင်းသူရက သန့်စင်ခန်းသွားချင်ပါသည်ဆိုသောကြောင့် ဘုန်းမိုရ်တစ်ယောက်တည်း ကားရှိရာသို့သွားပြီး ကားထဲတွင်ဝင်ထိုင်ကာ မင်းသူရအားစောင့်နေလိုက်သည်။
ဘုန်းမိုရ် မင်းသူရအားကားပေါ်တွင်ထိုင်ကာစောင့်နေစဉ် သူ၏ကားနှင့် မလှမ်းမကမ်း ခုံတန်းတွင် ဝင်ထိုင်လာသော ပုံရိပ်လေးတစ်ခုက သူ့အားဆွဲဆောင်သွားခဲ့၏။
ထိုပုံရိပ်လေးမှာ ဝင်းဝါသောအသားအရည် ၊ မျက်လုံးမျက်ခုံးကောင်းကောင်း နှင့် ညာဘက်မျက်လုံးထောင့်မှ ထင်ရှားသည့် မှည့်နက်ကလေး၊ မျက်နှာပေါက်ကလေးက သာမန်ဆန်သလိုနှင့် သေချာကြည့်လိုက်လျှင် အတော်ကိုဆွဲဆောင်မှုရှိသည့် ကောင်လေးတစ်ယောက်ဖြစ်သည်။
ထိုကောင်လေးက သူ့သူငယ်ချင်း တစ်ယောက်နှင့် နှစ်ယောက်တည်းထိုင်နေကာ စကားပြောနေပြီး ကားထဲမှဘုန်းမိုရ်ကိုတော့ သတိထားမိပုံမပေါ်။
သိပ်မကြာလိုက်။ အသံစွာစွာနှင့် သူ့သူငယ်ချင်းဟုထင်ရသော ကောင်လေးသုံးယောက်က သူတို့ထိုင်နေသောခုံတန်းတွင်ဝင်ထိုင်လာသည်။
ဝင်လာသောသုံးယောက်အနက် တစ်ယောက်မှာ မနေ့မနက်ကမှ သူ့ဦးလေး၏အိမ်တက်ပွဲတွင် တွေ့ခဲ့သော ဖြိုးကိုကိုဖြစ်သည်။
နိုင်ငံခြားသို့ကျောင်းသွားတက်ပြီး ပြန်လာကတည်းက ဘုန်းမိုရ် ဖြိုးကိုကိုနှင့် မတွေ့မိတော့တာဖြစ်သည်။
ဘုန်းမိုရ် ၏ စီးပွားရေးလုပ်ငန်းတော်တော်များများက ခက်ဖျာမြို့တွင် အခြေချထားခြင်းဖြစ်သည်။
လွန်ခဲ့သည့် လေးနှစ် မြို့တော်ဝန်ဖြစ်လာချိန်မှ စတင်ကာ ခက်ဖျာမြို့မှ ခက်မမြို့သို့ ပြန်ရောက်လာခြင်းဖြစ်သည်။
YOU ARE READING
အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)
Romanceပေါ့ပေါ့ပါးပါး အချိုလေးပါ။ ခုမှစရေးတဲ့အတွက် ကောင်းချင်မှကောင်းမှာပါ။ အစပိုင်းကတော့ C-novel လေးတစ်ပုဒ်က အကြောင်းအရာတစ်ခုကို inspire ယူထားပါတယ်။ အပျော်တမ်းရေးခြင်းဖြစ်ပါတယ် ။လမ်းကြုံရင် ဝင်ဖတ်သွားကြပါဦးလို့။ ကိုယ်Inspire ယူထားတဲ့ novel ကတော့ The Spiri...