"ကိုယ် မင်းကိုချစ်တယ် ဈာန်"
"ဒီစကားက ကိုယ့်တစ်ဘဝလုံးစာအတွက် ပြောတဲ့စကားပါ ... ကိုယ် ဈာန့်ကိုချစ်တယ်"
ဘုန်းမိုရ် သူ့ရှေ့မှ ကောင်လေးအား အရဲစွန့်ကာ ချစ်စကားဖွင့်ပြောလိုက်တော့သည်။
မနေ့ညက မေ့မြောနေသည့် ဈာန့်ကိုကြည့်ပြီး သူ ထိုကောင်လေးအား တစ်သက်တာအတွက် လက်လွှတ်ဆုံးရှုံးဖူးခဲ့သည့် ခံစားချက်မျိုးခံစားလိုက်ရသည်။
ဘာမှန်းမသိသည့် အရာတစ်ခုက ထိုကောင်လေးကို အမြန်ဖွင့်ပြောပြီး မြန်မြန်နှစ်ကိုယ်ချင်းနီးစပ်စေရန် သူ့အားတိုက်တွန်းနေသကဲ့သို့ ခံစားနေရသည်။
သူ ဈာန့်ကို ချစ်သည်။
ဈာန့်ကို ပိုင်ဆိုင်ချင်သည်။
ဈာန်က သူ့အား လက်ခံပါက မိဘများကို ဖွင့်ပြောပြီး အမြန်ဆုံးလက်ထပ်ပစ်မည်။
ဈာန်က ငြင်းဆန်လျှင်တော့ ဈာန့်နှင့် ဝေးဝေးမှာသာနေပြီး အဝေးကနေ ကာကွယ်စောင့်ရှောက်ပေးမည်။
ဘုန်းမိုရ် ထပ်မံ သတ္တိမွေးပြီး ဈာန့်အား မေးခွန်းတစ်ခုမေးလိုက်သည်။
"ဈာန် ရော ကိုယ့်ကို ပြန်ချစ်နိုင်မလားဟင်"
ဈာန် သူ့ရှေ့မှ နားရွက်များနီရဲကာ သူအားချစ်ရေးဆိုပြီး အဖြေတောင်းနေသော လူကြီး ကြောင့်ရယ်ချင်လာသည်။
'ဦးက အရမ်းချစ်ဖို့ကောင်းတာပဲ'
ဈာန် ဦးကိုချစ်သည်။
သူပြန်လည်မမွေးဖွားခင် အချိန်က ဦးနှင့် သူဝေးခဲ့ရသော်လည်း ယခုအချိန်တွင် သူဦးနှင့် လုံးဝမဝေးချင်။
ချစ်ရသူကို ချစ်ကြောင်း မြန်မြန်သာပြောပြီး ဘာအကြောင်းပြချက်ကြောင့်မှ ချစ်ရသူနှင့် မဝေးကွာရပဲ မြန်မြန်နီးစပ်ရေးကိုသာ သူလိုလားသည်။
ပြန်လည်မမွေးဖွာခင်အချိန်ကာလ ဦး သူ့အား ဖွင့်ပြောခဲ့စဉ်က ဦးအပေါ် သူချစ်နေသော်လည်း ဦးအထင်သေးမည်စိုးကာ တစ်လကျော်အထိစောင့်ဆိုင်းပြီးမှ ဦးအား အဖြေပြန်ပေးခဲ့သည်။
လက်ရှိအချိန်ကာလတွင်တော့ ဦးကိုချက်ချင်းအဖြေပြန်ပေးပါက ဦးက သူ့အား အထင်မသေးပဲ အမြဲတန်းချစ်မြတ်နိုးနေမည်ဆိုသည်ကို သူသိသည့်အတွက် နှစ်ယောက်လုံး မြန်မြန်ပျော်ရွှင်နိုင်ရန် ဈာန်ဦးအား ချက်ချင်းအဖြေပြန်ပေးရန်ဆုံးဖြတ်လိုက်သည်။
YOU ARE READING
အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)
Romanceပေါ့ပေါ့ပါးပါး အချိုလေးပါ။ ခုမှစရေးတဲ့အတွက် ကောင်းချင်မှကောင်းမှာပါ။ အစပိုင်းကတော့ C-novel လေးတစ်ပုဒ်က အကြောင်းအရာတစ်ခုကို inspire ယူထားပါတယ်။ အပျော်တမ်းရေးခြင်းဖြစ်ပါတယ် ။လမ်းကြုံရင် ဝင်ဖတ်သွားကြပါဦးလို့။ ကိုယ်Inspire ယူထားတဲ့ novel ကတော့ The Spiri...