Chapter 46_U

13.9K 1K 102
                                    

မြတ်လေး၏ကိုယ်ဝန်ရှိနေသည့်အကြောင်းကိုသိပြီး နောက်ရက်များကတော့ ခန့်မင်းညို၏ ကဲသဲမှုတစ်သိန်း ပိုမိုအရှိန်မြင့်တက်လာသည့်ရက်များပင်ဖြစ်သည်။

မြတ်လေးကိုယ်ဝန်နုသည့်အချိန်ကာလများတွင်တော့ မိုးလင်းတိုင်း ပျို့အန်တတ်ပြီး ဟင်းနံ့မခံနိုင်ဘဲ အချဉ်အစပ်တွေသာ စားချင်သည့်ပြဿနာကို ကိုခန့်မင်းညိုတစ်ယောက်အတော်ခံစားလိုက်ရသေးသည်။

ထိုအချိန်များတွင် ခန့်မင်းညိုမှာ နေမကောင်းသည့်ကြားထဲကပင် မြတ်လေးကို သဲသဲလှုပ်ရသည်က အမော။

သူတင်လားဆိုလျှင် မဟုတ်။

အိမ်က သားတော်မောင်ကလည်း တစ်ရက်တစ်ရက် သူ့ဖေဖေဗိုက်အား အာဘွားပေးရတာနှင့်။

သူ့လက်သေးသေးလေးနှင့် ပွတ်ကြည့်ရတာနှင့်။

ဒီကြားထဲက လူကြီးဖြစ်သည့် ဖေကြီးဒယ်ဒယ်အားအတုခိုးကာ ဆရာသမားက "ဖေ ချေးချေးထိုင်နော် ... ဖေ့ ချေးချေးတွားနော်" ဆိုပြီးပြောတတ်သေးသည်။

မြတ်လေးကိုယ်ဝန်လေးလလောက်ရောက်လာချိန်တွင်တော့ ခန့်မင်းညို၏ မိုးလင်းတိုင်း ပျို့အန်တတ်ပြီး ဟင်းနံ့မခံနိုင်ဘဲ အချဉ်အစပ်တွေသာ စားချင်သည့်ပြဿနာမှာ အရှင်းပျောက်သွားခဲ့သည်။

ထိုအချိန်ကစပြီး ခန့်မင်းညိုမှာ စားဖိုမှူးတာဝန်ကိုအပြည့်အဝယူရတော့သည်ပေါ့။

စားဖိုမှူးတာဝန်က အိမ်ကဗိုက်ဗိုက်အတွက်အပြင် ကိုဘုန်းမိုရ်၏ ဗိုက်ဗိုက်အတွက်ပါ အဆစ်ပါသေးသည်။

ဈာန်က မွေးခါနီးအချိန်ရောက်တော့ ဦးမင်းညိုနှင့် ဒေါ်သက်မာက မြို့ပေါ်သို့တက်လာကာ ဈာန်တို့အိမ်တွင်နေသည်။

ဦးမင်းညိုတို့ရောက်ပြီး သိပ်မကြာလိုက်။

တစ်ပတ်လောက်နေတော့ ဈာန်က ကလေးမွေးသည်။

ကလေးက ဈာန့်ယောက္ခမခန့်မှန်းထားသည့်အတိုင်း ကလေးမွေးနိုင်သောယောကျ်ားလေးဖြစ်ပြီး ကလေးကကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်းပင်။

ဘုန်းမိုရ်က ဈာန်ကလေးမွေးပြီး ဆေးရုံတက်နေစဉ်အချိန် တချိန်လုံး ဈာန့်အနားမှာပဲနေပြီး ဈာန်နှင့်သားလေးအတွက် လိုအပ်သည်များကို လုပ်ကိုင်ပေးသည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Donde viven las historias. Descúbrelo ahora