"အဲတော့ မင်းကဘယ်အချိန် မင်းအစီအစဉ်တွေကို စပြီးအကောင်အထည်ဖော်မှာလဲ"
"နောက်လထဲစမယ် ဘကြီး"
"အေး ကောင်းတယ် ကောင်းတယ်... ရွာမှာကတော့ နေရထိုင်ရတာအေးချမ်းတယ်ဆိုပေမဲ့ ဖွံ့ဖြိုးတိုးတက်မှုကမြို့နဲ့ အရမ်းကွာတော့ ကျန်းမာရေးတို့ ကလေးတွေပညာရေးတို့မှာတော့ စကားပြောတယ်ကွ"
"ဟုတ်တယ် ဘကြီး"
"အေး မင်းလည်း အသုံးအဖြုန်းလေးလျှော့ ... အရင်လိုမဆိုးတော့ပဲ အမြင်မှန်ရသွားတယ် ကြားရတော့ ဒီဘကြီးက ဝမ်းသာတယ်ဟေ့... ဟွန်း ... အိမ်ထောင်လေးလည်းကျသွားရော လိမ္မာသွားလိုက်တာ တော်တော်လေးမွေးရကျိုးနပ်တဲ့ ဖအေတူသား"
ခန့်မင်းညို : "...."
'အိမ်ထောင်ကျသွားလို့မဟုတ်ဘူးဗျ လူပြောင်းသွားလို့ပါဗျ ... ဟော့ဒီက ခန့်မင်းညိုကမွေးကတည်းကလိမ္မာရေးခြားရှိတဲ့ လူတော်လူကောင်းလူယဉ်ကျေးလေးပါဗျ'
ဘေးမှာငြိမ်ငြိမ်လေးထိုင်ကာ လက်ဖက်ရည်သောက်နေသော မြတ်လေး : "..."
'အိမ်ထောင်ကျသွားလို့မဟုတ်ဘူး ဘကြီးရေ ... ဘကြီးတူက ခေါင်းထိပြီးမှ ဒယ်အိုးကြောက်လို့လိမ္မာသွားတာဗျ'
လင်ခင်ပွန်းနှစ်ယောက်မှာတော့ အပြင်ပန်းတွင် ခေါင်းတငြိမ့်ငြိမ့်လုပ်နေသော်လည်း စိတ်ထဲမှာတော့ အတွေးကိုယ်စီဖြင့် ပြန်လည်ချေပနေကြသည်။
နောက်နှစ်ရက်တွင် ရွာ၌ဘုရားပွဲရှိသောကြောင့် ခန့်မင်းညိုတို့လင်ခင်ပွန်းနှစ်ယောက် ဆိုင်အတွက်လိုအပ်သောပစ္စည်းများနှင့် မိမိတို့အိမ်အတွက်လိုအပ်သောပစ္စည်းများကို ဝယ်ယူရန်အတွက် ခက်မမြို့သို့မနက်စောစောထွက်လာခဲ့ကြသည်။
မြို့သို့ရောက်ခိုက် ဈာန်မင်းညိုနှင့် သွဲ့မင်းညိုကိုတွေ့ရန်အတွက် ဘကြီးဖြစ်သူ ဦးသက်မောင်၏ လက်ဘက်ရည်ဆိုင်သို့ ခန့်မင်းညိုတို့ရောက်နေကြခြင်းဖြစ်ကာ တူဝရီးနှစ်ယောက်စကားကောင်းနေကြခြင်းဖြစ်သည်။
ဘေးမှမြတ်လေးကတော့ လက်ဖက်ရည်နှင့်မုန့်ကို နည်းနည်းချင်းစီ အရသာခံကာစားသောက်နေရင်း ဘကြီးနှင့် ခန့်မင်းညိုတို့ စကားဝိုင်းကို နားထောင်နေသည်။
CITEȘTI
အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)
Dragosteပေါ့ပေါ့ပါးပါး အချိုလေးပါ။ ခုမှစရေးတဲ့အတွက် ကောင်းချင်မှကောင်းမှာပါ။ အစပိုင်းကတော့ C-novel လေးတစ်ပုဒ်က အကြောင်းအရာတစ်ခုကို inspire ယူထားပါတယ်။ အပျော်တမ်းရေးခြင်းဖြစ်ပါတယ် ။လမ်းကြုံရင် ဝင်ဖတ်သွားကြပါဦးလို့။ ကိုယ်Inspire ယူထားတဲ့ novel ကတော့ The Spiri...