Chapter 2

593 72 1
                                    

Unicode

Ch-2

ချာ့ချ်ကျောင်းဝင်းထဲရှိ နေ့လည်စာလှူဒါန်းဖို့ပြင်ဆင်ထားသည့်နေရာတွင် လူတန်းကြီးက
အဆုံးမရှိလောက်အောင် ရှည်လျားနေကာ ထိုင်ခုံတွေလွတ်သွားတာနဲ့တစ်ပြိုင်နက် လူတွေက အပြာရောင်စားပွဲခုံနားမှာ စုဝေးလိုက်ကြသည်။ ကင်မရာတစ်လုံးဖြင့် ဟိုဟိုဒီဒိသွားကာ မှတ်တမ်းယူနေသည့် သတင်းထောက်ယွန်းက စေတနာ့ဝန်ထမ်းတွေထဲကတစ်ယောက်ကို ဓာတ်ပုံရိုက်လိုက်သည်။

ဟိုအဝေးကြီးမှာ အစိမ်းရောင်ရှေ့ဖုံးခါးစည်းကို ဝတ်ဆင်ထားသည့်အမျိုးသားက
ရုပ်ရည်ချောမောသည့်အမျိုးသားတစ်ဦးဖြစ်သည်။ မြင့်မားသောအရပ် ၊ တောင့်တင်းသောခန္ဓာကိုယ်နှင့် လူတွေကို ဂရုဏာသက်သည့်အကြည့်ဖြင့် ပြုံးမိနေ၏။

'' သူကချောလိုက်တာ ''

သူ့ဘေးနားက ရေခဲမုန့်စားနေသည့် သတင်းထောက်ဂွက်က လှမ်းကြည့်လိုက်သည်။

'' ဂန်အီဟျွန်းလား? ''

'' အဲ့လူက ဂန်းစတားလို့ဘယ်သူကထင်မှာလဲ? အပြင်ပန်းပဲကြည့်ရင် သူကသရုပ်ဆောင်ထက်တောင် ပိုပြီးသာနေမှန်း ပြောနိုင်တယ်...ဟုတ်တယ်မလား? ''

'' သူနဲ့တခြားသရုပ်ဆောင်တွေကြားမှာ ကွာခြားနေတာရှိမယ်ဆိုရင် သူကတကယ်ကြီး လူတွေကိုအပိုင်းပိုင်းခုတ်ပစ်တာပဲ ဖြစ်လိမ့်မယ် ''

သတင်းထောက်ယွန်း သူ့အကြည့်ကို ကင်မရာဆီကခွာလိုက်ပြီး သူရဲ့စီနီယာ သတင်းထောက်ဂွက်ကို လှည့်ကြည့်လိုက်သည်။

'' အဲ့လိုလုပ်တာကို မြင်ခဲ့လို့လား? ''

'' အဲ့တာကိုသိဖို့ မြင်ဖူးစရာလိုလို့လား? သူ့စီးပွားရေးက ဂန်းစတားကုမ္ပဏီဆိုတာ လူတိုင်းသိတယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက်က လွှတ်တော်ကအဖွဲ့ဝင်တစ်ယောက် ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားပြီး သေနေတာကိုရှာတွေ့ခဲ့တဲ့ကိစ္စကို မင်းသိတယ်မလား... အဲ့ဒါ
တွေ အားလုံးက... ''

'' ပင်ပန်းသွားပါပြီ '' နှစ်ယောက်သား
လျှို့လျှို့ဝှက်ဝှက်ဖြင့် စကားပြောနေတုန်း အမျိုးသားတစ်ယောက်ပေါ်လာကာ သူတို့ကို အားဖြည့်အချိုရည်တွေ ကမ်းပေးသည်။ ထိုအမျိုးသားက သူတတ်စွမ်းသမျှ အစွမ်းကုန် တောက်ပအောင် ပြုံးထားသော်ငြား သူရဲ့အကြည့် ၊ ဖော်ပြနေသည့်ခံစားချက်က တမူထူးခြားနေသည်။ သူ၏လက်ဖမိုးပေါ်တွင် နှစ်တွေကြာသွားတာတောင် မပျောက်ကွယ်သွားသည့် အမာရွတ်အသေးစားလေးတွေ အများကြီးရှိနေသည်။

ကမ္ဘာပေါ်မှပျောက်ကွယ်သွားသင့်သောအရာများ [Myanmar Translation]Where stories live. Discover now