Unicode
Ch-26
အဖြူရောင် sport ကားကအင်ဂျင်သံအကျယ်ကြီးနှင့်အရှိန်တင်မောင်းလာသည်။ သူ့အရှေ့ကဆိုင်ကယ်က သူ့ကားကပဲဆိုင်ကယ်ကိုမမှီနိုင်တဲ့ပုံစံနဲ့ လာကလိနေသည်။ အချိန်အတော်ကြာမောင်းနှင်ပြီးတဲ့နောက် လမ်းမကတဖြည်းဖြည်းကျဥ်းမြောင်းလာသည်။ ဆိုင်ကယ်ကဘယ်ဘက်သို့ဆတ်ခနဲကွေ့ချသွားပြီး ကျောက်စရစ်ခဲတွေခင်းထားတဲ့လမ်းထဲမောင်းဝင်သွားသည်။
sport ကားကလည်းနောက်ကနေထပ်ချပ်မကွာလိုက်လာသည်။ ဖုန်မှုန့်တွေအုံလိုက်ကြီးလွင့်သွားပြီး ကျောက်စရစ်ခဲတွေလဲနေရာအနှံ့ကိုလွင့်စင်သွားသည်။ ဆိုင်ကယ်ကအချိန်အကြာကြီးမောင်းနေပြီးမှ ကွေ့ရင်းတန့်ခနဲရပ်သွားသည်။ လမ်းအရှေ့တွင်ဆောက်လုပ်ရေးရှိနေတာကြောင့် ရှေ့ဆက်သွားလို့မရတော့ဘူး။ ထိုနှင့် sport ကားကလည်းရပ်သွားပြီး ဒရိုင်ဘာထိုင်ခုံဘက်ကနေလူမိုက်လိုလိုလူတစ်ယောက်ဆင်းလာသည်။
သူကလမ်းပျောက်သွားတဲ့ဆိုင်ကယ်ကို နှာရှုတ်လိုက်တယ်။'' ဟေ့... ခွေးကောင်! မင်းဒီနေ့တော့သေပြီသာမှတ်! ''
အနှီလူကအင်္ကျီအတွင်းဘက်ထဲကနေ ဓားမြှောင်ထုတ်လိုက်သည်။ ဓားမြှောင်ကိုပတ်ထားတဲ့သတင်းစာရွက်ကို ဖြဲလိုက်တော့ဓားမြှောင်ကအလင်းရောင်ထဲတွင် အရောင်တောက်နေသည်။ ကားကတော့ချွဲကီထယ်ရဲ့ကားဆိုတာသေချာတယ် ၊ဒါပေမဲ့သူတော့ရှိမနေဘူး။ သိပ်မကြာခင်မှာ ကားနောက်ခန်းမှလူတစ်ယောက်ထွက်လာသည်။ ဂျာဂယောင်းအဲ့လူကိုသေချာကြည့်လိုက်သည်။
သူကဆံပင်အဝါရောင်ရှိပြီး နှုတ်ခမ်းနဲ့မျက်ခုံးတွေမှာလဲအပေါက်ဖောက်ထားပြီးတော့ ချွဲကီထယ်တက်တူးထိုးထားတဲ့တစ်နေရာတည်းမှာ မှင်စာပုံတက်တူးရှိသည်။ သူတို့နှစ်ယောက်ကရုပ်မဆင်ကြပေမဲ့ ဆွေမျိုးသားချင်း ဒါမှမဟုတ် အရမ်းရင်းနှီးကြတဲ့ဆက်ဆံရေးရှိမှာကျိန်းသေသည်။ ဒေါသထွက်နေသည့်လူကသူ့ဓားကိုဝှေ့ယမ်းကာ ဂျာဂယောင်းကိုအနားတိုးလာဖို့အချက်ပြသည်။
'' လာခဲ့စမ်း... ငါမင်းရဲ့ဗိုက်ကိုဖောက်ပြီး
အူတွေကိုအလိပ်လိုက်ဆွဲထုတ်ပစ်မယ် ''
YOU ARE READING
ကမ္ဘာပေါ်မှပျောက်ကွယ်သွားသင့်သောအရာများ [Myanmar Translation]
ActionOriginal Author - Gye-ja 계자 Original Publishers - Radibooks Chapter - 108 Chapters and 22 extras Genre - Yaoi Action Mature Romance This story is not my own. This is just for Fan Translation. Not for commercial. Full C...