Chapter 23

443 57 5
                                    

Unicode

Ch-23

ဂျာဂယောင်းသူ့မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ နေမင်းကြီးကလုံးဝကိုတောက်ပနေ၏။ သူမနက်မရောက်ခင်အထိကောင်းကောင်းမအိပ်ခဲ့ရဘူး... ဒါကြောင့်သူ့မျက်လုံးတွေကိုမဖွင့်နိုင်ဖြစ်နေသည်။ သူအိပ်ရာထဲမှာဟိုဖက်လှိမ့်ဒီဘက်လှိမ့်လုပ်လိုက်ပေမဲ့ သူ့ဘေးမှာအိပ်နေခဲ့တဲ့ဂန်အီဟျွန်းကိုတော့ဘယ်မှာမှမတွေ့ဘူး။ ဂျာဂယောင်းထထိုင်ကာအကြောဆန့်လိုက်သည်။ သူ့အဝတ်အစားတွေအစား ဂန်အီဟျွန်းရဲ့အဝတ်အစားတွေကသူ့ခန္ဓာကိုယ်ပေါ်မှာနေရာယူထားသည်။

သူစိုးရိမ်ခဲ့တာနှင့်ဆန့်ကျင်ဘက် ဂန်အီဟျွန်းကမဆင်မခြင်နဲ့အတင်းထိုးသွင်းတာမျိုးမလုပ်ခဲ့ဘူး။ သူ့ကိုဖက်ရုံပဲဖက်ပြီး သူ့ခါးကိုပဲလှုပ်နေခဲ့တာ။ ဂန်အီဟျွန်းကအဲ့လိုလူဖြစ်နေတာကအံ့သြစရာကောင်းတယ်။ ဂန်အီဟျွန်းကသူ့ကိုအတင်းလုပ်မယ်လို့ထင်ထားခဲ့တာ။
အဲ့ဒါအပြင် အထိအတွေ့နဲ့အနမ်းကလည်း မှန်းထားတာထက်ပိုပြီးချိုမြိန်နေတာမို့ သူထူးဆန်းသလိုကြီးခံစားရသည်။

သူတစ်ညလုံးနိုးနေခဲ့တာ... စိတ်လှုပ်ရှားပြီးလည်ချောင်းလည်းခြောက်ကပ်နေတယ်။ သူမတ်တပ်ထရပ်လိုက်ပြီး ရေသောက်ဖို့ဧည့်ခန်းထဲသွားလိုက်သည်။ ဂန်အီဟျွန်းကိုအစအနတောင်ရှာမတွေ့ဘူး။ မနက်ကတည်းကအီဟျွန်းဘယ်သွားနေတာလဲဆိုပြီး သူစဥ်းစားနေ၏။ သူအိမ်ရှေ့တံခါးကိုသွားကြည့်လိုက်ပေမယ့် ဂန်အီဟျွန်းရဲ့ဖိနပ်ကိုလုံးဝမတွေ့ဘူး။ သူလှည့်ပတ်ကြည့်လိုက်တော့မှ ဧည့်ခန်းထဲကစားပွဲပေါ်မှာအီဟျွန်းထားသွားတဲ့စာရွက်လေးကိုသွားတွေ့သည်။

[ကိုယ်အလုပ်သွားပြီ။ ကိုယ်နေ့လည်စာစားချိန်မှအိမ်ပြန်လာခဲ့မယ်]

စာရွက်ပေါ်တွင်သပ်ရပ်ပြီးရှင်းလင်းသည့်လက်ရေးရှိနေ၏။ ဒီနေ့စနေနေ့လေ... သူအလုပ်မနားဘူးလား? ဒီလိုဖြစ်တော့လည်းပိုကောင်းတာပေါ့ဟုဂျာဂယောင်းတွေးလိုက်သည်။ သူတို့တွေတစ်ယောက်မျက်နှာတစ်ယောက်မြင်နေရရင်ကို စိတ်ညစ်နေကြတာ။
ရေသောက်ပြီးနံရံပေါ်မှာချိတ်ထားတဲ့ပန်းချီကားတွေကိုရှုစားလိုက်သည်။ အဲ့ဒီနောက် အိမ်ထဲပြန်ဝင်လိုက်ပြီး စာကြည့်ခန်းကိုရှာတွေ့သွားသည်။ ဂန်အီဟျွန်းအမြဲတမ်းနေတဲ့စံအိမ်နဲ့မတူဘဲ ဒီအိမ်ထဲမှာကအခန်းတွေအားလုံးကတံခါးပွင့်နေသည်။ ဒါ့အပြင်စီစီတီဗီတွေလည်းရှိနေဘူး။

ကမ္ဘာပေါ်မှပျောက်ကွယ်သွားသင့်သောအရာများ [Myanmar Translation]Wo Geschichten leben. Entdecke jetzt