Chapter 25

425 59 8
                                    

Unicode

Ch-25

အလုပ်သမားတွေစီးလာသည့်ကားက မိန်းလမ်းမပေါ်မတက်ခင်လေးမှာပဲ ရပ်သွားသည်။ ထိုအခါဂျာဂယောင်းသည်ကားနဲ့မြေကြီးကြားကနေ တစ်ဖက်သို့လှိမ့်ထွက်လိုက်သည်။ အဲ့နောက်သူမြန်မြန်ခြုံပုတ်တွေထဲဝင်ပုန်းကာ ကားထွက်သွားမှာကိုစောင့်နေလိုက်၏။ သူတစ်ယောက်တည်းဖြစ်သွားတာကျိန်းသေတော့မှ ​ခြုံပုတ်ထဲကနေထွက်လိုက်သည်။

သူ့အဝတ်အစားပေါ်ကမြက်ပင်တွေနဲ့သစ်ကိုင်းတွေကိုဖယ်လိုက်ပြီး နောက်ပြန်လှည့်ကြည့်လိုက်တယ်။ ဂန်အီဟျွန်းရဲ့အိမ်ကအဝေးကြီးမှာကျန်ခဲ့လို့ သူမြင်တောင်မမြင်ရတော့ဘူး။ သူပခုံးကိုဟိုဘက်လှည့်ဒီဘက်လှည့်ဖြင့်အကြောလျော့ပြီးတဲ့နောက် သူ့အိတ်ကပ်ထဲကဦးထုပ်နဲ့ mask ကိုထုတ်ပြီး ဝတ်လိုက်သည်။ မိန်းလမ်းမဘက်ကနေလမ်းလျှောက်လာပြီးတဲ့နောက် စတိုးဆိုင်ရှေ့မှာသူ့ငှားထားတဲ့တက်စီရပ်ထားတာကိုတွေ့လိုက်ရသည်။

သူနောက်ခန်းထဲဝင်ထိုင်လိုက်တော့ ကားသမားကနောက်လှည့်ကြည့်သည်။

'' မင်းကဖုန်းခေါ်ထားတဲ့တစ်ယောက်လား? ''

'' ဟုတ်ပါတယ်... ဒီလိပ်စာကိုသွားပေးပါ ''

ကားသမားသည်လိပ်စာရပြီးတဲ့နောက် ကားစထွက်သည်။ တစ်နာရီခန့်အကြာတွင် ဂျောင်ဂီဒိုရှိကျေးလက်ရွာတစ်ရွာ၏ ကားစင်တာတစ်ခုရဲ့ရှေ့သို့ရောက်သွားသည်။ ဂျာဂယောင်းအထဲကိုဝင်မလို့လုပ်တုန်း ဧည့်သည်နှင့်စကားပြောနေတဲ့အလုပ်သမားက သူ့ကိုတားသည်။ မျက်နှာတစ်ခုလုံးဖုံးထားတဲ့ဂျာဂယောင်းကမသင်္ကာစရာကောင်းတယ်ဆိုပြီး အဲ့လူကတွေးနေတဲ့ပုံပဲ။

'' ဘာကိစ္စရှိလို့လဲ? ''

'' သူဌေးကိုတွေ့ဖို့လာတာ... ငါ့ကိုဟန်ကပို့လိုက်တယ်လို့ မင်းသူဌေးကိုပြောလိုက်ရင် သူသိတယ် ''

အလုပ်သမားကသူ့ကိုခဏစောင့်ခိုင်းပြီး အထဲကိုဝင်သွားသည်။ တစ်ခဏအကြာ အထဲမှလူကောင်ကြီးကြီးအမျိုးသားတစ်ယောက်ထွက်လာသည်။ ထိုသူကအရောင်တောက်တောက်လက်တိုရှပ်အင်္ကျီကိုဝတ်ဆင်ထားပြီး သူ့ကိုယ်လုံးကိုယ်ထည်ကထွားကြိုင်းလွန်းနေတာမို့ ဝတ်ထားတဲ့အင်္ကျီတောင်ကျပ်ပြီးပေါက်ထွက်လုနီးပါးဖြစ်နေ၏။ ဂျာဂယောင်းကိုချက်ချင်းမှတ်မိသွားသည့်ထိုသူက အနားသို့လျှောက်လာကာ
ဂျာဂယောင်းကိုတင်းတင်းကျပ်ကျပ်ဖက်လိုက်သည်။

ကမ္ဘာပေါ်မှပျောက်ကွယ်သွားသင့်သောအရာများ [Myanmar Translation]Kde žijí příběhy. Začni objevovat