Chapter 10

334 68 0
                                    

Unicode

Ch-10

အိပ်ရာထဲတွင်လူးလှိမ့်နေသည့် ဂျာဂယောင်းတစ်ယောက် အပြင်ဘက်ကသီချင်းသံကြောင့် မျက်လုံးတွေဖွင့်လိုက်သည်။ သူ့နာရီကိုကြည့်လိုက်တော့ အချိန်ကမနက်ဆယ်နာရီဆိုပြီး ပြနေသည်။ သူအိပ်ရာကနေထထိုင်လိုက်ကာ မျက်နှာကိုလက်ဖြင့်ပွတ်လိုက်၏။ အခန်းမျက်နှာကျက်ပေါ်က မှိတ်တုတ်မှိတ်တုတ်မီးအလင်းရောင်တွေကြောင့် စီစီတီဗီတွေကသူ့ကိုစောင့်ကြည့်နေတုန်းပဲဆိုတာ သိလိုက်ရသည်။ မသိရင်ထောင်ထဲရောက်နေသလို ခံစားရတယ်။

ဂျာဂယောင်း အိပ်ရာထဲကနေထွက်လိုက်ပြီး ဧည့်ခန်းထဲသို့သွားလိုက်သည်။ မနက်ခင်းကြီး ဘယ်သူကသီချင်းဖွင့်နေတာလဲဆိုပြီး သူဇဝေဇဝါဖြစ်နေတုန်း ဆိုဖာကနေခေါင်းတစ်လုံးကထိုးထွက်နေသည်။ ဂန်အီဟျွန်းဖြစ်နိုင်ပေမယ့် ဆူညံကျယ်လောင်တဲ့ EDM သီချင်းတွေက သူ့အကြိုက်သိပ်မဟုတ်သလိုပဲ။

'' မင်းကဘယ်သူလဲ? ''

ဆိုဖာပေါ်တွင်ထိုင်နေတဲ့အမျိုးသားက ခေါင်းနောက်လှည့်ပြီး ဂျာဂယောင်းအားလှမ်းကြည့်သည်။ ထို့နောက် သူကမတ်တပ်ထရပ်ကာ သီချင်းပိတ်လိုက်သည်။ သူကကျန်းလော့မှန်းထားတာထက် အရပ်ပိုရှည်ပြီးတော့ အနက်ရောင်နေကာမျက်မှန်ဝတ်ထားသည် ဒါပေမဲ့ စရိုက်ကတော့ဂန်အီဟျွန်းနဲ့ အတော်လေးဆင်တူနေသည်။ ဒီတစ်ယောက်က ဂန်အီဟျွန်းမနေ့ကပြောနေတဲ့ သူ့ညီလေးဖြစ်ရမယ်ဆိုတာကို ဂျာဂယောင်းမမေးဘဲသိလိုက်သည်။

'' နိုးပြီလား? မင်းအိပ်ရာဝင်တာနောက်ကျတယ်ဆို မင်းကိုလာနှိုးရင်ကောင်းပါ့မလားလို့တောင် တွေးနေတာ ''

အကယ်၍ သူသာတကယ်စိုးရိမ်တယ်ဆိုရင်
နားစည်တွေကွဲလောက်တဲ့အထိ သီချင်းတွေဖွင့်နေမှာမဟုတ်ဘူး။ ဒီတိုင်းလေးအခန်းထဲဝင်လာပြီး ခေါင်းလေးကိုပဲလာပုတ်လို့မရဘူးလား? စကားလုံးတွေက သူ့ပါးစပ်ထဲပြန်ဝင်သွားသည်။ ​ဒါ့အပြင် တစ်ဖက်လူက သူ့ကိုယ်သူမနှုတ်ဆက်တာဘာညာမလုပ်ဘဲနဲ့ စကားကိုမယဥ်မကျေးပြောနေသည်။

'' ရေချိုးပြီးထွက်လာခဲ့... ငါမင်းနဲ့သွားစရာနေရာရှိတယ် ''

'' ဘယ်...ကိုလဲ? ''

ကမ္ဘာပေါ်မှပျောက်ကွယ်သွားသင့်သောအရာများ [Myanmar Translation]Onde histórias criam vida. Descubra agora