Chapter 30

280 50 6
                                    

Unicode

Ch-30

ညကောင်းကင်ယံသည်မိုးရွာတော့မလိုပုံစံဖြင့် တိမ်မည်းတိမ်စိုင်များဖြင့်ဖုံးအုပ်နေပြီး လေကလည်းအတော်လေးအေးစက်နေသည်။ စားပွဲပေါ်တွင်ဝန်ထမ်းလာထားပေးသွားသည့်သရေစာတွေနဲ့ အရက်တွေကို
ဂျာဂယောင်းတစ်ချက်ကြည့်လိုက်သည်။ ချိုမြမြမက်မွန်သီးအနံ့ကော့တေးက ဂျာဂယောင်းဟာဖြစ်လောက်ပြီး ပြင်းတဲ့အရက်ကတော့ဂန်အီဟျွန်းရဲ့ဟာဖြစ်ရမယ်။

ဂျာဂယောင်းရေကူးကန်ကိုလှမ်းကြည့်ရင်း ရေခဲပုံးထဲကရေခဲတစ်တုံးကိုနှိုက်ပြီး သူ့လက်ဖဝါးပေါ်တင်လိုက်သည်။ ရေကူးကန်ထဲကရေအရောင်က ရေအောက်ကြမ်းပြင်၏အရောင်ပြန်ဟပ်မှုကြောင့်
ပုံစံအမျိုးမျိုးဖြင့်ပြောင်းလဲနေ၏။ ဒါ့အပြင်ရေကူးကန်နဘေးရှိစပီကာဆီမှ ညင်သာသည့်တီးလုံးသံထွက်ပေါ်နေသည်။

ရေကူးကန်ထဲရေခဲတုံးပစ်ထည့်လိုက်တဲ့အခါ
ပလုံခနဲအသံထွက်လာသည်။ ပျော်စရာကောင်းတယ်။ ဂျာဂယောင်းနည်းနည်းထပ်ပစ်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ သူ့လက်ကိုရေကူးကန်ထဲနှစ်ကြည့်လိုက်တော့ ရေကအေးစက်နေသေးသည်။ ဂျာဂယောင်းလက်ကိုပြန်ဆွဲထုတ်ပြီး ရေကူးကန်အနီးတဝိုက်ကိုဟိုဟိုသည်သည်လျှောက်ကြည့်လိုက်သည်။

ဂန်အီဟျွန်းကသူတို့အိမ်ပြန်ပြီးညစာစားမယ် ၊ပြီးရင်ရေကူးကန်မှာအပန်း​ဖြေကြရအောင်ဟု အကြံပေးသည်။ ဒါပေါ့ ဂျာဂယောင်းကအဲ့လိုမလုပ်ချင်ဘူးလို့ပြောပြီးငြင်းပစ်ခဲ့တယ်။ ဒါပေမဲ့ ဂန်အီဟျွန်းကသူ့စကားကိုဟန်ဆောင်ပန်ဆောင်တောင်နားမထောင်ပေးဘူး။ သူလဲ USB ရှာတွေ့သွားပြီမလို့ ဂန်အီဟျွန်းနားမှာဝေ့လည်​ကြောင်ပတ်လုပ်နေစရာအကြောင်းမရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် သူဆက်ငြင်းနေရင်ဂန်အီဟျွန်းစတာခံနေရမှာစိုးလို့ အပြင်ထွက်ပြီးဒီတိုင်းထိုင်နေလိုက်မယ်လို့ဆုံးဖြတ်ခဲ့တာ။

ဂျာဂယောင်းပက်လက်ထိုင်ခုံမှာထိုင်ချလိုက်ပြီး ဝန်ထမ်းယူလာပေးတဲ့ကော့တေးကိုတစ်ငုံသောက်လိုက်သည်။ သူ့အရသာကအရက်မပါတဲ့သောက်စရာလိုမျိုးပဲ။ သူကချိုတဲ့အရာတွေကိုမကြိုက်ပေမဲ့လဲ ဒီအရသာကဆိုးတော့မဆိုးဘူး။ ခွက်တစ်ဝက်လောက်သောက်ပြီးတဲ့နောက် သရေစာအနေနဲ့ပြင်ဆင်ပေးထားတဲ့ canapes ကိုလှမ်းယူလိုက်သည်။  canapes အပေါ်မှာတင်ထားတဲ့ဟာက beluga ငါးဥဆားနယ်လို့ ဝန်ထမ်းမှရှင်းပြပေးသည်။ သူ့အပေါ်မှာလဲရွှေမှုန်လေးတွေဖြူးထားသည်။

ကမ္ဘာပေါ်မှပျောက်ကွယ်သွားသင့်သောအရာများ [Myanmar Translation]Where stories live. Discover now