Chapter 31

352 46 4
                                    

Unicode

Ch-31

ဂျာဂယောင်းဆေးလိပ်သောက်ရင်း လက်တော့ပ်မျက်နှာပြင်ပေါ်က error မက်ဆေ့စ်ကိုလှမ်းကြည့်ပြီး ဆဲရေးမိသည်။ မျက်မှန်ကရေကန်ထဲပြုတ်ကျသွားပြီးတဲ့နောက်ပျက်စီးသွားပြီး အဲ့ထဲကကင်မရာကလည်းအသုံးမဝင်တော့ဘူး။ လက်တော့ပ်ထဲကဖိုင်တွေအကုန်လုံးလဲပျောက်သွားပြီ။

'' ငါစျေးကြီးပေးဝယ်ထားပါတယ်ဆိုမှ... ''

သူ့လက်တော့ပ်နဲ့မျက်မှန်ကိုဘေးမှာပစ်ထားပြီး မတ်တပ်ထရပ်လိုက်တယ်။ သူပြတင်းပေါက်နားကိုလျှောက်သွားကာ အပြင်ဘက်သို့လှမ်းကြည့်လိုက်သည်။ သိပ်မကြာခင်ကမှမိုးတိတ်သွားတာဖြစ်ပြီး ခုနတုန်းကသူနဲ့ဂန်အီဟျွန်းတို့ထိုင်ခဲ့ကြသည့်ရေကူးကန်ကလည်း လုံးဝကိုရှင်းလင်းနေ၏။ ဝန်ထမ်းတွေသန့်ရှင်းရေးလုပ်လိုက်တာဖြစ်ရမယ်... အအေးတွေ ၊သရေစာတွေလဲမရှိတော့ဘူး။

သူဆေးလိပ်သောက်လို့ကုန်သွားတဲ့နောက်
ချွဲကီထယ်အဖေရဲ့မျက်နှာကိုသတိရသွားသည်။ သူ့မှတ်ဉာဏ်ထဲကအတိုင်းတစ်ပုံစံတည်းပဲ။ အဲ့လူရဲ့ဘဝကြီးကစားကောင်းသောက်ကောင်းနဲ့သာသာယာယာဖြစ်နေတာကိုကြည့်ရင် သူလုပ်ခဲ့တဲ့မကောင်းမှုတွေအတွက်အပြစ်ပေးခံရတာမျိုးတွေမရှိတဲ့ပုံပဲ။

သက်ပြင်းချလျက် သူ့အိတ်ကပ်ထဲလက်နှိုက်၍ တွန့်ကြေနေတဲ့လုပ်ငန်းလိပ်စာကပ်ပြားကိုဆွဲထုတ်လိုက်သည်။ ဒါကအရင်ကသူချွဲကီထယ်ဆီကနေရခဲ့တာ... ဒါပေမဲ့ဂန်အီဟျွန်းကမြေကြီးပေါ်လွှင့်ပစ်ခဲ့တယ်။ အဲ့တာကြောင့်နောက်တစ်နေ့ကျတော့ သူဒီကတ်ပြားကိုပြန်ကောက်ထားပြီးသိမ်းထားခဲ့တာ။ ကတ်ပြားပေါ်မှာနာမည်ရေးမထားဘဲ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်သာပါသည်။ ဂျာဂယောင်းဖုန်းကိုကောက်ယူလိုက်ပြီး တစ်ခဏခန့်တွေဝေနေပြီးမှ မက်ဆေ့စ်ပို့လိုက်သည်။

[ဟယ်လို... ကျွန်တော်ကကျန်းရိအန်းပါ... အခုအလုပ်များနေတာလား?]

ဂျာဂယောင်းပြတင်းပေါက်ဘောင်မှာမှီပြီး စာပြန်ပို့လာတာကိုစောင့်ရင်း အပြင်ဘက်သို့ငေးကြည့်လိုက်သည်။ အဝေးကနေကားတစ်စီးခြံဆီသို့ချဥ်းကပ်လာတာကို ဂျာဂယောင်းလှမ်းမြင်လိုက်သည်။ ​ဒီတစ်ခေါက်ရောက်လာတာဘယ်သူများလဲဆိုပြီးသူသိချင်မိသွားသည်။ ကားကဂိတ်ပေါက်ဝအရှေ့မှာရပ်လိုက်သည်။ ကားထဲကထွက်လာတဲ့သူကိုဂျာဂယောင်းလှမ်းကြည့်ဖို့လုပ်ပေမယ့် သူရပ်နေတဲ့နေရာကနေဆိုသေချာမမြင်ရဘူး။ ဒါနဲ့ပဲအပြင်ထွက်ကြည့်ကြည့်ဖို့တွေးလိုက်သည်။

ကမ္ဘာပေါ်မှပျောက်ကွယ်သွားသင့်သောအရာများ [Myanmar Translation]Donde viven las historias. Descúbrelo ahora