Unicode
[Mature Content🚫
အသက်ဆယ့်ရှစ်နှစ်အောက် reader များ
ကိုယ့်ဘာသာချင့်ချိန်ပြီးမှဖတ်ပါ]Ch-14
ဂန်အီဟျွန်းခလုတ်ကိုသူ့လက်ဗွေရာနဲ့ဖိနှိပ်လိုက်တဲ့အခါ ဓာတ်လှေကားကအောက်ထပ်သို့ဆင်းသွားသည်။ တံခါးပွင့်ပွင့်ချင်း
ဂျာဂယောင်းမြင်လိုက်ရတာကပန်းချီကားတစ်ချပ်ဖြစ်၏။ သူဂန်အီဟျွန်းအနောက်ကနေလိုက်ပြီး စင်္ကြံတစ်လျှောက်လုံးဆင်းလာလိုက်သည်။ မြေအောက်ခန်းဟုဆိုထားပေမဲ့
လေဝင်လေထွက်စနစ်ကကောင်းမွန်တာကြောင့် ထူးဆန်းတဲ့အနံ့အသက်တွေရှိမနေဘူး။ သူထင်ထားသလိုသိပ်ပြီးပြည့်ကျပ်ညှပ်နေတာမျိုးမဟုတ်ဘဲ ပန်းချီကားတွေကိုသူ့နေရာနှင့်သူချိတ်ဆွဲထားရတာကြောင့် သူပန်းချီပြခန်းထဲရောက်နေသလိုတောင်ခံစားရသည်။စင်္ကြံအတွင်းရှိပြတင်းပေါက်မှန်တွေအပြင်ဘက်တွင် အားကစားရုံ ၊ရုပ်ရှင်ရုံအသေးစား ပြီးတော့သေနတ်ပစ်ကွင်းတွေကို ထွင်းဖောက်မြင်နေရသည်။ သူတို့တွေသေနတ်ပစ်ကွင်းကိုဖြတ်ကျော်ရင်း ဂန်အီဟျွန်းကဂျာဂယောင်းကို သေနတ်ပစ်ဖူးလားဆိုပြီးမေးသည်။ ဂျာဂယောင်းကမပစ်ဖူးဘူးလို့ပြန်ဖြေလိုက်တော့ ဂန်အီဟျွန်းကအခွင့်ကြုံရင်သင်ပေးမယ်ဆိုပြီးပြောသည်။
သူကောင်းကောင်းမွန်မွန်ပဲငြင်းဆန်လိုက်တယ်။ သူ့ကိုကိုယ့်ကိုကိုယ်ယုံကြည်မှုလွန်ကဲနေတယ်ပဲပြောပြော သူ့မျက်လုံးမှိတ်ပြီးပစ်ရင်တောင် ဂန်အီဟျွန်းထက်ပိုကောင်းအောင်ပစ်နိုင်မယ်လို့ သူယုံကြည်ချက်ရှိတယ်။
သူဒီနေရာကိုဘယ်လိုပဲလှည့်ပတ်ကြည့်ကြည့် အရေးကြီးတဲ့ပစ္စည်းတွေကိုသိမ်းဆည်းထားမယ့်နေရာနဲ့မတူဘူး။ ဒီနေရာကသူထင်ထားတာထက်တောင်အရမ်းကိုရိုးရှင်းနေတာကြောင့် သူအရမ်းလာချင်ပါတယ်ဆိုပြီးဖြစ်နေတာကိုရှက်သွားသည်။ သူနောက်ကနေလိုက်လိုက် ၊ ဟိုကြည့်ဒီကြည့်လုပ်လိုက်နဲ့ နောက်ဆုံးတံခါးချပ်၏ရှေ့တွင်ရပ်လိုက်သည်။ ဒီတစ်နေရာတည်းမှာပဲသော့ခတ်ထားတာဖြစ်သည်။
ဂန်အီဟျွန်းသည်လျှို့ဝှက်နံပါတ်ကိုရိုက်ထည့်ပြီးတာနဲ့ လက်ဗွေရာကိုတုံ့ဆိုင်းခြင်းမရှိနှိပ်လိုက်သည်။ ၎င်းဂဏန်းရှစ်လုံးကို
ဂျာဂယောင်းချက်ချင်းအလွတ်ကျက်လိုက်သည်။ လျှို့ဝှက်တံခါးပွင့်သွားတဲ့အခါ
ဂျာဂယောင်းအရင်ဆုံးသတိထားမိလိုက်တာက ဗုဒ္ဓဆင်းတုတော်တစ်ဆူဖြစ်၏။ အဲ့ဒါအပြင် ရှေးဟောင်းပန်းချီကားချပ်တွေအပါအဝင် ရှေးဟောင်းပစ္စည်းတွေလည်းအများအပြားရှိနေသည်။
YOU ARE READING
ကမ္ဘာပေါ်မှပျောက်ကွယ်သွားသင့်သောအရာများ [Myanmar Translation]
ActionOriginal Author - Gye-ja 계자 Original Publishers - Radibooks Chapter - 108 Chapters and 22 extras Genre - Yaoi Action Mature Romance This story is not my own. This is just for Fan Translation. Not for commercial. Full C...