Unicode
Ch-33
ပါတီကဂါဖြောင်းရှိဗီလာတစ်ခု၌ ဖြစ်သည်။ ၎င်းဗီလာပိုင်ရှင်က ချွဲကီထယ်ဖြစ်ပြီး ခြံဝင်း၏အလယ်တွင် ရေကူးကန်ရှိသည်။ ရေကူးကန်ကလူကြီးဆယ်ယောက်လောက် အေးအေးဆေးဆေး ဝင်ကစားလို့ရလောက်တဲ့အထိ ကြီးမားသည်။ ဂျာဂယောင်းတို့အဲ့ဒီကိုရောက်ရောက်ချင်းမှာပဲ ဂန်ဆော့ဂျူကအဝတ်အစားတွေကို ချွတ်ပစ်ပြီး ရေကူးကန်ထဲကိုဗွမ်းခနဲခုန်ဆင်းသွားသည်။
'' ဟေ့...
ဂျာဂယောင်းရေသန့်ဘူးတစ်ဦးကိုကောက်ယူပြီး ဖွင့်သောက်လိုက်သည်။ ထိုအချိန် လူတစ်ယောက်ကသူ့အနားသို့ရောက်လာပြီး သူ့ဘေးမှာဝင်ထိုင်လိုက်သည်။ အဲ့တာကဂျာဂယောင်းဟိုတစ်ခေါက်ကတွေ့ခဲ့ဖူးသည့် အမျိုးသမီးပင်။ သူမကဥပဒေရေးရာတွင်အလုပ်လုပ်ကိုင်နေပြီး အရင်ကမော်ဒယ်လုပ်ခဲ့ဖူးသည်။ halterneck ပုံစံဂါဝန်ရှည်ကိုဝတ်ဆင်ထားသည့်အနှီအမျိုးသမီးက ဂျာဂယောင်းရဲ့ဘေးမှာထိုင်ချလိုက်သည်။ သူမ၏မို့မောက်နေသည့်ရင်သားအစုံကို တလက်လက်တောက်ပနေသည့်လည်ဆွဲဖြင့် အလှဆင်ထားသည်။
သူမကဖြာကျနေသည့်ဆံနွယ်တွေကို တစ်ဖက်သို့သပ်ချလိုက်ပြီး ဂျာဂယောင်းအားပြုံးပြသည်။
'' မင်းမျက်မှန်ပြောင်းလိုက်တာပဲ... ဒါလေးနဲ့ပိုလိုက်တယ် ''
'' ဟုတ်... ''
'' ဟောင်ကောင်ကိုဘယ်တော့ပြန်မှာလဲ? ''
'' နောက်ဆယ်ရက်လောက်ဆိုရင်... ''
'' အိုး... ဆိုးတာပဲ။ ငါကဟောင်ကောင်မှာ မကြာခဏစျေးဝယ်ထွက်တတ်တယ်... ငါဟောင်ကောင်ကိုရောက်ရင် မင်းကိုဆက်သွယ်လိုက်လို့ရလား? ''
ထိုအမေးနှင့်အတူ သူမ၏ခန္ဓာကိုယ်ကတဖြည်းဖြည်းနီးကပ်လာ၏။ အသားအရည်ကလဲလုံးဝကို အိစက်စက်ဖြင့်နူးညံ့သည်။ သူမ၏ခန္ဓာကိုယ်အပေါ်ပိုင်းက ဂျာဂယောင်းဘက်ဆီကိုင်းညွှတ်လာပြီး ရင်ညွှန်ရိုးတွေကိုအထင်းသားမြင်နေရသည်။ သူမကဂျာဂယောင်းကို စူးစူးနစ်နစ်ကြည့်နေရင်း သူရဲ့လက်မောင်းကိုအသာလေးဆွဲဖက်လိုက်သည်။ ထို့နောက် ဂျာဂယောင်းရဲ့လက်မောင်းနဲ့ သူမ့ရင်သားကိုဖိကပ်ရင်း ပွတ်သပ်နေပြီး ဂျာဂယောင်းကလဲသူမ့ကို တွန်းမထုတ်ခဲ့ဘူး။
ESTÁS LEYENDO
ကမ္ဘာပေါ်မှပျောက်ကွယ်သွားသင့်သောအရာများ [Myanmar Translation]
AcciónOriginal Author - Gye-ja 계자 Original Publishers - Radibooks Chapter - 108 Chapters and 22 extras Genre - Yaoi Action Mature Romance This story is not my own. This is just for Fan Translation. Not for commercial. Full C...