Chapter 9

339 64 0
                                    

Unicode

Ch-9

'' အဆင်ပြေရဲ့လား? ''

သူ့အရှေ့တွင်ပေါ်လာသည့်အစောင့်က စိုးရိမ်သည့်အမူအရာဖြင့်မေး၏။ ဂျာဂယောင်း အားနာသည့်ပုံဖြင့်ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ သူပြတင်းပေါက်ရှေ့မှာ ပန်းအိုးကိုတမင်ပစ်ချလိုက်ပြီးတော့ ဖန်ကွဲစတွေကိုကိုင်တဲ့အခါမှာလည်း လက်ရှအောင်လုပ်လိုက်တယ်... ဒါပေမယ့် အစောင့်က
အလျင်အမြန်ပဲရောက်လာခဲ့သည်။

သူအကူအညီမခေါ်ရသေးပေမယ့် သူတို့တွေကသရဲလိုပေါ်လိုက်တယ်... အဲ့ဒါကိုကြည့်ရင် သူ့ကိုအချိန်နဲ့တပြေးညီစောင့်ကြည့်နေပြီး
စီစီတီဗီနဲ့ရိုက်ကူးနေကြောင်းကို ညွှန်ပြနေသည်။​ ပြောချင်တာက ဒီအိမ်ထဲမှာသူလုပ်ချင်တာတွေကို စိတ်ကြိုက်လုပ်လို့မရဘူးဆိုသည့်သဘောပင်။

'' ခဏလောက်စောင့်ပေးပါ။ ကျွန်တော်
အ​ရေးပေါ်ဆေးသေတ္တာယူလာခဲ့ပါမယ် ''

'' ရပါတယ်... ကျွန်တော့်ကို ဆေး ပလတ်စတာပဲယူလာပေးလို့ရမလား? ''

ဂျာဂယောင်း သူ့ဘေးတွင်ရှိနေသည့်တစ်ရှူးဘူးထဲမှ တစ်ရှူးကိုယူကာ သူ့လက်ပေါ်တွင်ဖိလိုက်သည်။ အစောင့်က အစေခံတွေကိုခေါ်လိုက်ပြီး ပန်းချီဆွဲခန်းထဲရှိဖန်ကွဲစတွေကို ရှင်းခိုင်းလိုက်သည်။ ဂန်အီဟျွန်း သူ့ကိုပေးခဲ့သည့်ပန်းစည်းကို တခြားပန်းအိုးတစ်ခုထဲကို ပြောင်းထည့်လိုက်သည်။ အစောင့်သူ့ကိုပေးတဲ့ ပလတ်စတာကို ဒဏ်ရာပေါ်တွင်ကပ်လိုက်သည်။ ဝန်ထမ်းတွေက လက်ကျန်ဖန်ကွဲစတွေကိုရှင်းလင်းနေကြတုန်း
ဂျာဂယောင်း စင်္ကြံလမ်းဘက်ကိုထွက်လိုက်ပြီး အိမ်ကြီးကိုစတင်ပြီးလျှောက်ပတ်ကြည့်လိုက်သည်။

ခုနကလိုမျိုးပေါ်လာတဲ့လူတွေတစ်ယောက်မှမရှိတာကြောင့် အဆင်ပြေတယ်လို့ပြောလို့ရသည်။ ပစ္စည်းဘယ်မှာရှိလဲဆိုတာ အခြေခံအချက်လေးသာသူသိမယ်ဆိုရင် အလုပ်လုပ်ရတာလွယ်သွားပြီ... ဒါပေမဲ့ နေရာထောင့်ချိုးတိုင်းကအရမ်းကြီးမားလွန်းတာမို့ ရှာဖွေဖို့ကခက်ခဲသည်။ ဒါ့အပြင် အခန်းတိုင်းကလည်းသော့ခတ်ထားတာကြောင့် သော့ကတ်မပါဘဲနဲ့ အခန်းထဲဝင်ဖို့ကမဖြစ်နိုင်ပေ။

ကမ္ဘာပေါ်မှပျောက်ကွယ်သွားသင့်သောအရာများ [Myanmar Translation]Donde viven las historias. Descúbrelo ahora