Chapter 15

375 66 0
                                    

Unicode

Ch-15

ဂျာဂယောင်းလေဝင်လေထွက်ပေါက်မှတစ်ဆင့် စုပ်ယူခံလိုက်ရသောမီးခိုးငွေ့တွေကို
ငူငူကြီးငေးကြည့်နေမိ၏။ သူတစ်ညလုံးအိပ်မပျော်ဘဲ အိပ်ရာထဲမှာလူးလှိမ့်နေခဲ့ပြီး သူအိပ်ရာနိုးတော့သူ့စိတ်ကနိုးတစ်ဝက်မနိုးမဝက်ဖြစ်နေခဲ့သည်။ ရေအေးနဲ့ရေချိုးချလိုက်ရင်ပိုကောင်းသွားလိမ့်မယ်လို့သူတွေးထားခဲ့ပေမယ့် ဘာမှမထူးသွားပေ။

အလွန်အကျွံစိတ်ဖိစီးမှုကြောင့် သူနီကိုတင်းကိုအသည်းအသန်တောင့်တနေမိသည်။ မတတ်နိုင်တဲ့အဆုံး သူ e-cigarette ကိုထုတ်ပြီးသောက်လိုက်တော့မှသူသက်သာသွားသည့်ပုံပေါ်လာသည်။ တဖြည်းဖြည်းနှင့်သူ့စိတ်တွေပြန်တည်ငြိမ်လာသည်။ ရေချိုးကန်ရဲ့ဘောင်မှာ လက်တွေခြေထောက်တွေကိုတွဲလောင်းချထားရင်း မနေ့ညကအဖြစ်အပျက်တွေကိုပြန်မှတ်မိလာသည်။

သူ့တင်ပါးကနေတိုးထွက်လာတဲ့ခံစားချက်က
သူ့စိတ်ရှုပ်ထွေးနေတဲ့ကြားထဲမှာတောင်သိသာနေသည်။ သေစမ်းကွာ! သူဂန်အီဟျွန်းကိုခြေထောက်နဲ့ဆောင့်ကန်လိုက်ပေမယ့် အဲ့ကောင်ကိုသူသတ်ပစ်ချင်နေတုန်းပဲ။ သူ့အိပ်ခန်းကိုပြန်ရောက်လာပြီးတာတောင် ဆေးအရှိန်ကြောင့်ရာဂမီးတောက်လောင်နေတာက သူဆက်ပြီးမထိန်းနိုင်တော့တဲ့အထိဆဖြစ်နေခဲ့တာကြောင့် သူရေချိုးခန်းထဲဝင်ပြီးမှအိပ်ပျော်သွားခဲ့သည်။

အဲ့ဒါသိပ်ရှက်ဖို့ကောင်းလွန်းတယ်။

'' ခွေးကောင် ''

မျက်နှာကျက်ကိုလှမ်းကြည့်ရင်းသူဆဲရေးလိုက်သည်။ သူအံတကြိတ်ကြိတ်ဖြစ်နေတုန်း ဖုန်းမြည်လာသည်။ သူဖုန်းကိုဖြေဖြေလိုက်ချင်းမှာပဲ ရင်းနှီးဖော်ရွေတဲ့အသံကိုကြားလိုက်ရသည်။ သို့သော် ဝမ်ဟန်က
ဂျာဂယောင်းရဲ့လေသံကအားမပါသလိုဖြစ်နေတာကိုသတိထားမိလိုက်ပြီး ဘာများဖြစ်လို့လဲဆိုပြီးသိချင်သွားသည်။

'' ဘာကိစ္စမှမရှိပါဘူး ''

[ဒါဆိုမင်းကဘာလို့အသက်မပါသလိုဖြစ်နေရတာလဲ? မင်းနေမကောင်းဖြစ်နေတာတော့မဟုတ်ဘူးမလား?]

ဂျာဂယောင်းခေါင်းကိုရွေ့ကာ သူ့ဂွကြားကိုငုံ့ကြည့်လိုက်တယ်။ ကိုယ်အောက်ပိုင်းကနည်းနည်းနာနေတယ်... ဒါမဲ့ ဒီအကြောင်းကိုသူလုံးဝမပြောချင်ဘူး... အရမ်းရှက်စရာကောင်းတယ်လေ။

ကမ္ဘာပေါ်မှပျောက်ကွယ်သွားသင့်သောအရာများ [Myanmar Translation]Where stories live. Discover now