Extra 3

1.8K 101 2
                                        

အသက်ကြီးလာလို့ အိုမင်းရင့်ရော်သွားတယ်ဆိုတာ ရိပေါ်အတွက်တော့ ဟာသတစ်ခုလိုပါပဲ။ အိမ်မှာနေပြီး ဘားမှလုပ်စရာမရှိတဲ့ ရိပေါ်ဟာ ယခင်ကထက်ပိုပြီးနုနုငယ်ငယ်လေးဖြစ်လာသည်။

ဒီနေ့လဲ ရိပေါ်ဟာ ရှောင်းကျန့်တားနေသည့်ကြားက မီးဖိုချောင်ဝင်နေသဖြင့် ရိပေါ်နည်းတူ မီးဖိုချောင်ထဲရောက်နေရသည့် ရှောင်းကျန့်။

သိပ်ချစ်လွန်းလို့ အစိုးရိမ်လွန်းရပါသည်။ မတော်တဆဟင်းရွက်လှီးရင်း ဓားများရှိသွားမလား မီးတောက်ကြီးကများ နုငယ်ငယ်အသားအရည်လေးကို ပူလောင်သွားစေမလား ဆီပူတွေကများ နုအိနေတဲ့အသားအရည်ပေါ် ခုန်ဆင်းလာမလားဆိုသည့် စိုးရိမ်စိတ်များနဲ့ ရိပေါ်ဘေးနားမှာအဆင်သင့်ရှိနေသည့် ရှောင်းကျန့်ဟာ မကြာခဏရိပေါ်ရိပေါ်နားက အနမ်းဖွဖွလေးကိုလည်းရနေခဲ့ပါသည်။

" ငယ် တော်လောက်ပြီလေ "

ထမင်းစားခန်းက စားပွဲကြီးပေါ်မှာ ဟင်းအမည်တွေများလာတော့ ရှောင်းကျန့်တားသည့်အခါ ရိပေါ်ကရှောင်းကျန့်ကို မျက်လုံးလေးထောင့်ကပ်ကာကြည့်လာသည်။

" အကိုကလဲ "

" အကိုကလဲမနေနဲ့တော့ငယ်ရယ် ဒီမှာငယ်ချက်တာတွေများနေပြီး ဒါကြောင့်ပင်ပန်းရောပေါ့။ ကြည့်ပါဦး ကိုယ့်ရဲ့ငယ်ရဲ့ နှဖူးပေါ်မှာတောင် ချွေးလေးတွေစို့လာပြီ "

နဖူးပြေပြေလေးပေါ်က ချွေးစတွေကို ပဝါနုနုနဲ့သုတ်ပေးရင်း ရှောင်းကျန့်စကားတိုးတိုးဆိုတော့ အပြုံးလေးနဲ့တုန့်ပြန်လာသည့်ငယ်က သူဟင်းတွေချက်ပေးတာ ရှောင်းကျန့်စားစေချင်လို့ပါတဲ့။

ဒါကြောင့်ရှောင်းကျန့်ဟာ ငယ့်နှဖူးလေးဖွဖွနမ်းကာ ကျေနပ်ကြောင်းပြရလေသည်။

" ငယ် "

" ဗျာ "

" အဲ့ဒါဆို ငယ်ရေသွားချိုးတော့နော် ကိုယ်ကထမင်းပွဲပြင်ထားလိုက်မယ် "

ရှောင်းကျန့်စကားကြောင့် ခေါင်းလေးအသာငြိမ့်ပြပြီး ရှောင်းကျန့်မေးစိလေးကို​မော့နမ်းကာ မီးဖိုထဲကထွက်သွာသည့် ငယ့်ရဲ့ကျောပြင်လေးကို ရှောင်းကျန့်တစ်ယောက် မျက်စိအောက်က​ပြောက်သည်အထိ ငေးကြည့်နေခဲ့မိပါတော့သည်။

ငယ် 💚❤ ( Completed )Where stories live. Discover now