ငယ် 💜
Chapter - 11
"မင်းဘာဆက်လုပ်မှာလဲ ရှောင်းကျန့် "
"ငါ မသိသေးဘူးကျန်းချန် "
"ဟင်း မင်းဘဝကလည်းကွာ။ ကယ်ထားပါ ဒါနဲ့မင်းအခု ဘယ်မှာနေနေတာလဲ......"
"ငါအရင်ကချင်းချင်းနဲ့ နေတဲ့အိမ်မှာ "
"မင်းအိမ်က အဲ့မှာပြန်နေခိုင်းလို့လား..."
"ဟင့်အင့် ငါ့ဟာငါ အိမ်ပေါ်ကဆင်းခဲ့ပြီး တစ်ယောက်ထဲထွက်သွားနေတာ..."
"အဲ့ဒါဆို စစ်ကျွေးကကော...."
"သူ့အဖိုးနားမှာပဲပေါ့။ အစကတည်းက ချင်းချင်းသေသွားလို့ စစ်ကျွေးကို ဂရုစိုက်ပေးမယ့်သူမရှိမှာဆိုးလို့ အပါးက ငါ့ကိုအိမ်ကို ပြန်လာနေခိုင်းတာ။ အခုစစ်ကျွေးကလည်း သူတို့သွေးသားအပြည့်အဝဝင်နေပြီ။ သူ့အဖိုး သွင်းတဲ့ပုံစံခွက်ထဲမှာ အသားကျနေပြီမလို့ သူအဆင်ပြေမှာပါ..."
ပြောရင်းဆိုရင်း အရက်ခွက်ကို ကောက်မော့နေတဲ့ ရှောင်းကျန့်ကို ကျန်းချန် ကြည့်ရင်းသာ ခေါင်းခါမိသည်။
ရှောင်းကျန့်ရာ မင်းဘဝကလည်း ခက်ခဲလိုက်တာ။ ဒါကြောင့်ရှေ့ဆက်ရင်ဆိုင်ရမယ့် မင်းဘဝမှာ အားပေးဖော်ဖြစ်ပေးနိုင်မယ့် မင်းနှလုံးသားကို အပိုင်ယူထားတဲ့ငယ်က မင်းရဲ့အချစ်တွေကို အမြန်ဆုံး ပြန်မြင်နိုင်ပါစေကွာ။
.....................
"သူက မင်းနာမည်နဲ့ပေးထားတာလေ အဲ့တိုက်ခန်းကို။ ဒါကိုမင်းက အဲ့ဒီမှာမနေလို့ ဘယ်မှာနေချင်သေးတာလဲ..."
ကျန်းချန်ရဲ့စကားကို နားထောင်နေတဲ့ ရိပေါ်။ ခုလက်ရှိသူ နေထိုင်ရာက Hotal ခန်းလေးတစ်ခုမှာပါ။
အကို့ အငွေ့အသက်တွေ ပြည့်နက်နေတဲ့ ဂေဟာလေးမှာ ကျွန်တော် အမှတ်ရခြင်းတွေနဲ့ သွားနေရဦးမှာလား။ မဖြစ်နိုင်ဘူးအကို။ မေ့လိုက်ပြီ ဆိုကတည်းက အကိုနဲ့ပါတ်သက်ပြီး အတိတ်ကော အနားဂတ်ကော ရှေ့ဆက်ရမယ့် ဘဝတွေမှာတောင် အကို့ကို ကျွန်တော်ကဖယ်ထုတ်ခဲ့ပြီးသား။ ဒါကြောင့် ဝင်ရောက်မစိုးမိုးချင်ပါနဲ့တော့အကိုရယ်။ ကျွန်တော်က အကို့ကို ထာဝရ အပြီးအပိုင် စွန့်လွတ်ထားလို့ပါ။
