ငယ် 💜
Chapter - 8
"မင်း ရိပေါ်နားရောက်ဖြစ်သေးလား..."
ကျန်းချန်ရဲ့စကားကို ရှောင်းကျန့် ခေါင်းခါသည်ေ။
"ငါမရောက်တာ ကြာပြီ.."
" ချင်းချင်းနဲ့အဆင်မပြေလို့လား..."
ကျန်းချန်ရဲ့စကားကို ရှောင်းကျန့်ခေါင်းခါသည်။
"ချင်းချင်းနဲ့က အဆင်ပြေပါတယ်။ ဒါပေမယ့် ချင်းချင်းရောဂါက ပိုဆိုးလာပြီလေ။ ညဘက်တွေဆို ငါမရှိရင် သူမအိပ်တော့ဘူး။ ဒါကြောင့် ချင်းချင်းကို အခုချိန်မှာ စိတ်ချမ်းသာစေချင်တယ်။ ဒါကြောင့် ချင်းချင်းနားမှာ ငါရှိနေပေးတယ်။ ဘာပဲပြောပြော ချင်းချင်းက ငါ့ရဲ့တရားဝင်ဇနီးပဲမလား..."
ရှောင်းကျန့်စကားကို ကျန်းချန်ခေါင်းလေးငြိမ့်ကာ ငြိမ့်ကာနဲ့ ထောက်ခံသည်။
"ဒါပေမယ့် ရိပေါ်ကိုလည်း ဒီအတိုင်း လွတ်ထားပေးလို့လည်းမရဘူးလေ ရှောင်းကျန့်..."
"ငါ ရိပေါ်ကို ပြစ်မထားပါဘူး။ မြေတောင်မြှောက်ပေးမှာပါ။ ရိပေါ်က တက်လမ်းတွေအများကြီးရှိနေသေးတဲ့ လူငယ်လေးပါ။ ဒါပေမယ့် ချင်းချင်းကတော့ မကြာခင် ထွက်ခွာရမယ့်သူ။ ဒါကြောင့် ငါချင်းချင်းကိုပိုပြီး အချိန်ပေးနေတာပါကျန်းချန်ရာ...."
ရှောင်းကျန့်ရဲ့ စကားကို ကျန်းချန် ထောက်ခံပါသည်။
အရာအားလုံးကို ကာယကံရှင်ကိုယ်တိုင်ကပဲ ဆုံးဖြတ်ချက် ချရမှာလေ။
.....................
အနေဝေးရင် သွေးအေးသွားမလားအကို။ မတွေ့ရတာ ကြာနေပြီလေ။ Message ပို့လည်း ပြန်မလာတဲ့ စာလေးတွေ။ ဝင်သွားတဲ့ အဝင် call လေးတွေက တစ်ဖက်ဖုန်းမှာ miss call ဖြစ်သွားနေမှုများ ။ အကိုက နေနိုင်လိုက်တာဗျာ။
ကျွန်တော့လို အညတရလူတစ်ယောက်ကို ကစားဖို့များ မွေးထားသလားအကို။ အရာရာမပြည့်စုံတဲ့ လူ့ငမွဲလေး ကျွန်တော်က
အကို့ကိုတမ်းတရင်း သတိရနေချိန်မှာ အကိုဘက်က ကျွန်တော့ကို ထားခဲ့ဖို့များ တွေးနေမလား။ချစ်တယ်အကို။ ပြောမပြတက်အောင် ချစ်မိသွားတယ်။ ဘယ်အချိန်ကတည်းကလည်းဆိုတာတော့ ကျွန်တော့ကို အတိအကျ လာမမေးနဲ့။ ကျွန်တော်လည်း သေချာမသိထားဘူး။ ဒါပေမယ့် ကျွန်တော်သတိထားမိတဲ့အချိန်မှာ နာကြင်မှုတွေကြားကနေ အကိုက နှလုံးသားလေးထဲမှာ နေရာယူပြီးသွားပြီ။
သတိရတယ် ပြီးတော့ လွမ်းတယ် အကို။
![](https://img.wattpad.com/cover/221273409-288-k312565.jpg)