Chapter - 13

11.5K 1K 19
                                        

ငယ် 💜

Chapter - 26

" ရှောင်းကျန့် မင်းအရူးထနေတာ ဘယ်တော့မှရပ်မှာလဲ။ ဘာမဟုတ်တဲ့အကောင်ကို အချိန်ပေးပြီး အလေလိုက်နေရလောက်အောင်ထိ မင်းအချိန်တွေ မပိုဘူးဆိုတာ မင်းမသိဘူးလား။ ခုချက်ချင်း အိမ်ပြန်လာခဲ့။ စစ်ကျွေးတောင် နိုင်ငံခြားကို ကျောင်းတက်ဖို့သွားရတော့မယ်။ အလကား အဓိပ္ပါယ်မရှိတာတွေကို စောက်ရူးထမနေနဲ့တော့ "

ကြားလိုက်ရသည့်အသံတွေကြောင့် ရိပေါ် ဖုန်းလေးကို နားရွက်နားမှ အမြန်ဖယ်လိုက်သည်။

ဘာလဲ။ တစ်ဖက်က ဟယ်လို ထူးအောင်တောင်မစောင့်ပဲ ပြောချင်တာတွေပြောသွားတဲ့ တစ်ဖက်ကလူ။ မှတ်ထားတဲ့နာမည်ကတော့ Xiao ပါးတဲ့။

ဘာလဲ အကို့ရဲ့ အဖေက ဘာကိုပြောချင်တာလဲ။ ဘာမှမဟုတ်တဲ့ကောင်ဆိုတာကကော ဘယ်သူလဲ. ဘယ်သူ့ ကိုပြောချင်တာလဲ။

" ငယ် "

ထိုအချိန်မှာပဲ မီးဖိုဘက်မှထွက်လာတဲ့ ရှောင်းကျန့်က ဧည့်ခန်းထဲမှာ သူ့ရဲ့ဖုန်းလေးကိုင်ပြီး ရပ်နေတဲ့ ရိပေါ်ကိုတွေ့တော့ ခေါ်လိုက်တော့ ရိပေါ်ကရှောင်းကျန့်လက်ထဲကို ဖုန်းလေးထိုးပေးပးလာသည်။

"ခေါ်နေတာ ကြာပြီမလို့ ကိုင်လိုက်တာ အပါးတဲ့.. "

ရိပေါ်စကားကြောင့် မျက်နှာပျက်သွားတဲ့ ရှောင်းကျန့် ချက်ချင်း ဖုန်းလေးကို လှမ်းယူပြီးချပြစ်လိုက်သည်။

"ငယ်ကို အပါးက ဘာပြောသွားလဲ ကလေးကို ဘာပြောသွားလဲဟင်...."

ရိပေါ်မျက်နှာကိုကြည့်ကာ စိတ်ပူစွာ မေးလာတဲ့ ရှောင်းကျန့်ကို ရိပေါ်ငေးကြည့်နေမိသည်။ စိုးရိမ်ပူပန်မှုတွေနဲ့ ပြာယာခက်နေတဲ့ ရှောင်းကျန့်က ရိ​ပေါ်ကိုထွက်သွားလို့ ပြောခဲ့တဲ့အကို မဟုတ်တော့သလိုပဲ။ ရိပေါ်ကြည့်ရင်း သက်ပြင်းလေးအသာချလိုက်သည်။

"အကိုကျွန်တော်တို့ စကားပြောကြရအောင်..."

" .........."

"အကိုရယ်.."

" မငိုပါနဲ့ ငယ်ရယ်။ ငယ်ငိုရင် ငယ့်မျက်ရည်ကိုမြင်ရင် ကိုယ့်ရင်ဘက်ထဲကနာလို့ပါ..."

ငယ် 💚❤ ( Completed )Où les histoires vivent. Découvrez maintenant