ငယ် 💜
Chapter - 7
ရှောင်းကျန့်သူ့ရှေ့မှာ တဟားဟား ထိုင်ရယ်နေတဲ့ကျန်းချန်းကို မနိုင်တော့သလို ကြည့်ပြီးခေါင်းခါသည်။
သူပြောတဲ့ထဲမှာ ရယ်စရာပါသွားလို့လား။ ပြောလိုက်မိတာ ရိုးရိုးလေးပါ။ ရိပေါ်ဆိုတဲ့ကောင်လေးကို ကျောင်းပြန်ထားပေးထားတဲ့အကြောင်း။ အဲ့ဒါကို အရယ်ကို မရပ်နိုင်တော့တဲ့ကျန်းချန်က ရယ်ရင်းတန်းလန်း စကားတွေကို ဆက်ပြောလာပြန်သည်။
"ဟားဟားဟား ရှောင်းကျန့်ရာ။ မင်းကိုငါ သဘောကျလိုက်တာ။ စားဖို့မွေးလိုက်ပါတယ်ဆိုမှ ခုတော့ မစားရတဲ့အပြင် ကျောင်းပါ ထားပေးနေရတယ်တဲ့လား"
ကျန်းချန်းရဲ့စကားကို ပြန်မချေပတော့တဲ့ ရှောင်းကျန့်ရင်ထဲက စကားတိုးတိုးလေးကို နှုတ်ကဖွဖွလေးသာ ညည်းမိသည်။
ငယ်ကို အမြင့်ရောက်အောင် ပို့ပေးချင်မိတာတော့ ငါ့ရင်ထဲက စိတ်ရင်းအမှန်ပါကွာ.....။
တိုးတိုးလေးလို့ ထင်လိုက်ပေမယ့် ရှောင်းကျန့်ရဲ့ စကားကို ကြားသွားတဲ့ကျန်းချန်သည် ရယ်တာကို တိခနဲရပ်ပြီး ရှောင်းကျန့်ကို နားမလည်သလိုကြည့်လာသည်။
"ငယ် ဟုတ်လား..."
ကျန်းချန်ရဲ့မျက်လုံးပြူး မျက်ဆံပြူးအမေးကြောင့် ထွက်မိသွားတဲ့ နမ်စားလေးအစား ပြုံးမိသွားတဲ့ ရှောင်းကျန့်။ ပြီးမှ ကျန်းချန်ကို တိုးတိုးလေးပြန်ပြောလိုက်သည်။
"ကြားသွားတာလားကျန်းချန်
ဒါပေမယ့် မင်းမသိထားလည်း ရပါတယ်.."
..............................
ရိပေါ်ကျောင်းဆင်းတော့ စာသင်ခန်းထဲကထွက်လာပြီး အိမ်ပြန်ဖို့ပြင်သည်။
" သား စာတွေလိုက်နိုင်ရဲ့လား..."
ဘေးနားကထွက်လာတဲ့ ဆရာမရဲ့အသံကြောင့် ရိပေါ်ခေါင်းလေးငြိမ့်ပြီး ပြုံးပြပြီးပြန်ဖြေသည်။
"ဟုတ်ကဲ့ဆရာမ ။ စစခြင်း ကျောင်းပြန်တက်တော့ စားတွေနဲ့ဝေးနေတာကြာလို့ခက်ခဲပေမယ့် ခုတော့ပြန်လိုက်နိုင်နေပါပြီဗျ..."
လက်လေးပိုက် ခေါင်းလေးငုံ့ ယဉ်ကျေးစွာပြောနေတဲ့ ရိပေါ်ကို ဆရာမက ချစ်စနိုးလေးနဲ့ ခေါင်းလေးဖွဖွပုတ်ပေးသည်။
