ငယ် 💜
Chapter 12
ဟားဟား....ဟား... ။
ရှောင်းကျန့် သူ့ကိုထိုင်ကြည့်ပြီး တဟားဟားအော်ရယ်နေတဲ့ ကျန်းချန်ကို နားမလည်သလိုကြည့်သည်။
" ရယ်စရာ ရှိလို့လား..."
မျက်မှောင်ကြီးကုတ်ပြီး မေးလာတဲ့ ရှောင်းကျန့်မျက်နှာကိုကြည်ကာ ကျန်းချန်ရယ်ပြန်သည်။
"မင်းမျက်နှာ ပြန်ကြည့်ဦးလေ အီးမှန်ထားတဲ့ရုပ်နဲ့"
ထိုမှသူ့ကိုရယ်မှန်းနားလည်သွားတဲ့ ရှောင်းကျန့်က ကျန်းချန်ကိုစိတ်ကုန်သလို ခေါင်းလေးခါပြီး မျက်နှာလွှဲသည်။
"မင်း ကူညီပေးဦး..."
" ရားနေပါဦးရှောင်းကျန့်ရာ။ မင်းဟာကလည်း ရှင်းပြပေးမယ်ဆိုတော့လက်မခံဘူး။ ခုကြတော့လည်း ပြန်ခေါ်ပေးဆိုတော့ ငါကမင်းရဲ့ ငယ်ကြီးကိုမပြီး မင်းရှေ့မှာလာချပေးရမှာလား"
ကျန်းချန်ရဲ့ စကားကို ရှောင်းကျန့် ဘုကြည့်ကြည့်သည်။
"မင်းကိုဘယ်သူက ငယ့်အတွက်
တစ်ခြားတိုက်ခန်း ရှာပေးခိုင်းလို့လဲ...""အေး မင်းအဖေ ရိပေါ်က မင်းပေးထားတဲ့ တိုက်ခန်းမှာမနေနိုင်ဘူးတဲ့။ တစ်ခြား တိုက်ခန်းမှ ရှာမပေးရင် Hotel မှာပဲ တစ်သက်လုံး နေမလိုဖြစ်နေတဲ့ဟာကို..."
"မသိဘူး ပြန်ခေါ်ပေး။ ငယ်မရှိတဲ့တိုက်ခန်းမှာ ငါတစ်ယောက်တည်း ဘာလုပ်နေရမှာလဲ.."
"ဖင်ထောင်နေလိုက်..."
"ကျန်းချန် မင်း..."
"အား.....မအော်နဲ့ မအော်ပါနဲ့ ရှောင်းကျန့်ရာ ငါကြည့်လုပ်ပေးပါမယ်ကွာ ဟုတ်ပြီလား..."
ကျန်းချန် စကားကြောင့် ခေါင်းငြိမ့်လိုက်တဲ့ ရှောင်းကျန့်။ ခုမှ ကျေနပ်သလို မျက်နှာလေးပြန်ဖြစ်သွားသည်။
ကျန်းချန် စိတ်ထဲမှာတွေးနေမိသည်။ သူက ရှောင်းကျန့် လူမသိ သူမသိ လွှဲပေးထားတဲ့လူယုံလား။ ဒါမှမဟုတ် ရှောင်းကျန့်နဲ့ရိပေါ်အတွက် တောက်တိုမယ်ရလားဆိုတာ ကိုယ်တိုင်မသည်းကွဲတော့ဘူး။