Chapter - 10

12.1K 1K 19
                                    

ငယ် 💜

Chapter - 10

ထင်ထားတာထက် ပြင်းထန်လွန်းတဲ့တုန့်ပြန်မှုတွေကြောင့် ရှောင်းကျန့်စွန့်အသွားသည်။

ကိုယ်မထင်ထားဘူး ငယ်ရယ် အဲ့လောက်ထိ ပြောင်းလဲသွားလိမ့်မယ်လို့။ ဒါပေမယ့် ရပါတယ်ငယ်
စောင့်နေရတဲ့ ကိုယ်က စိတ်တိုနေတဲ့ ငယ့်ကို အရင်ကထက်ပိုပြီး ဂရုတစိုက် ကပ်နေတော့မှာမလို့ပါ။

" ရှောင်းကျန့် ရရဲ့လား.."

ရိပေါ် တွန်းထုတ်လိုက်လို့ လဲကျသွားတဲ့ ရှောင်းကျန့်ကို ကျန်းချန်က စိတ်ပူစွာမထူသည်။

"ငါ အဆင်ပြေပါတယ် ကျန်းချန်.."

ရိပေါ်ကတော့ ကြမ်းပြင်ပေါ်မှာလဲကျရင်း သူ့ကိုမော့ကြည့်နေတဲ့ ရှောင်းကျန့်ကို ပြန်ငုံ့ကြည့်နေသည်။

ရိပေါ်တွန်းလိုက်တာ နည်းနည်းလေး အားပါသွားသည်လေ။

အကို ခင်ဗျားက ဘာကြီးလဲဗျာ။ နှင်တုန်းကလည်း အကိုပဲ။ ခုပြန်လာကပ်တာလဲ အကိုပဲ။ ဘာတွေများ မျှော်လင့်နေသေးတာလဲ အကိုရယ်။ ကျွန်တော်ဆိုတဲ့ကောင်က ခဲမှန်ဖူးတဲ့ စာသူငယ်မလို့ နောက်တစ်ခါ အကို့နားမှာပြန်နေရမှာ ကြောက်နေပြီဗျ....။

နောက်တစ်ခုက အကိုသိမှာတော့ မဟုတ်သေးပါဘူး။ ကျွန်တော်အသက်ကြီးလာပြီလေ။ ရင့်ကျက်လာပြီဗျ။ ရင့်ကျက်မှုနောက်မှာ ရှိလာခဲ့တဲ့အသိတရားတွေနဲ့ ရူးမိုက်တဲ့ 20 ကျော်က အချစ်ဦး အကို့ကို မမုန်းနိုင်ခဲ့လို့ ချစ်နေသေးတဲ့ နှလုံးသားနဲ့ အတူထာဝရ မြေမြုတ်ပစ်လိုက်ပြီဗျ။

ကျွန်တော် အကို့ကိုမချစ်တော့ဘူး။ မချစ်တော့ဘူးဆိုတာထက် ပြန်ချစ်ဖို့ နှလုံးသားမရှိတော့တာဆို ပိုမှန်ပါလိမ့်မယ်...။

ရိပေါ် သူ့ကိုငေးကြည့်နေတဲ့ ရှောင်းကျန့်ကို ကျောခိုင်းထွက်ခွာခဲ့လိုက်သည်။

" ငယ် "

ဟင့်အင့် ဘယ်တော့မှ ပြန်လှည့်မကြည့်ဘူး။ လှည့်ကြည့်မိလို့ ကျွန်တော့မျှော်လင့်ချက်တွေ ပြန်ရှင်သန်လာရင် အကိုက ကျွန်တော့မျှော်လင့်ချက်တွေကို နောက်တစ်ကြိမ် ရိုက်ချိုးဦးမယ်....။

ငယ် 💚❤ ( Completed )Onde histórias criam vida. Descubra agora