ငယ် 💜
Chapter 2
"အဲ့ဒါဆို သူ ခုဘယ်မှာလဲ ကျန်းချန်.."
"မင်းပြောထားတဲ့ တိုက်ခန်းမှာ သွားနေခိုင်းထားတယ်..."
"အားလုံး အဆင်ပြေတယ်မလား..."
"အေး မင်းပေးလိုက်တဲ့ ပိုက်ဆံတွေနဲ့ သူ့အမေကိုဆေးရုံပို့ပေးပြီး....."
"ရပြီ ဆက်မပြောနဲ့ ကျန်းချန်။ ငါ သူ့အကြောင်းတွေ စိတ်မဝင်စားဘူး။ အခု ငါသိချင်တာ ငါ့တိုက်ခန်းမှာ သူသွားနေနိုင် မနေနိုင်ဆိုတာပဲ..."
"အော် သူခုဏကတော့ မင်းတိုက်ခန်းမှာ ရောက်နေပြီလို့ ဖုန်းဆက်တယ်.."
"အင်း အဲ့ဒါဆိုရပြီ ။ ငါသွားတော့မယ်..."
"ဟေ့ ရှောင်းကျန့် နေဦးလေ။ မင်းသူ့နာမည်တောင် မသိရသေးဘူး။ ငါပြောပြမယ် သူ့နာမည်က...."!
" ရပြီကျန်းချန် သိထားဖို့မလိုတဲ့ အရာတွေမလို့ မင်းမပြောလဲရတယ်..."
ကျန်းချန်ရဲ့စကားကို ဆုံးအောင်အထိနားမထောင်ပဲ ထွက်သွားတဲ့ ရှောင်းကျန့်ကြောင့် ကျန်းချန်ခဗျာ ပါးစပ်လေး အဟောင်းသားနဲ့သားကျန်နေခဲ့ရသည်။
ဝမ်ရိပေါ်ကမင်းအတွက်တော့ အဆင်ပြေစေမှာပါ ရှောင်းကျန့်ရာ.....။
.......................
ရိပေါ် အကိုကျန်းချန်ပြောတဲ့ ကမ်းလှမ်းမှုကို လက်ခံပြီးချက်ချင်း ရရှိလာတဲ့အခွင့်အရေးတွေက လက်ထဲကိုရောက်လာတဲ့ ပိုက်ဆံတွေ။ ပိုက်ဆံတွေက ရိပေါ်တို့သားအမိ တစ်သက်လုံးမကိုင်နိုင်တော့ဘူးလို့ ထင်ထားတဲ့ငွေ Amountကြီးမလို့ ရိပေါ် အိမ်မက်ပင်မက်နေမိတာလားလို့တောင် ထင်ထားမိသည်။
ပြီးတော့ ရိပေါ်နေထိုင်ဖို့ရောက်ရှိခဲ့တဲ့ တိုက်ခန်းက ရိပေါ်ကိုထောက်ပံ့ပေးတဲ့လူ လိုအပ်ရင်အချိန်မရွေး လာနိုင်အောင်တဲ့။ ရိပေါ်ကိုတစ်ယောက်တည်း နေစေတာမလို့ ရိပေါ်တစ်ယောက် တစ်ကိုယ်တော် တစ်ယောက်တည်းအဆင့်မြင့်မြင့် တိုက်ခန်းကိုကြည့်ကာရင်တုန်မိသည်။
ဒီလောက်ထိ ချမ်းသားစွာ ထားပေးနေရင်တော့
ဘယ်လောက်ထိအောင် အခြေအနေ ကြီးထဲက ဖြစ်နေမလဲ။
