ငယ် 💜
Chapter 5
"ကိုယ်ပြန်ရတော့မယ်။ လျှောက်မသွားနဲ့။ သွားစရာရှိရင် ကိုယ့်ကိုဖုန်းဆက်။ မင်း ဖုန်းထဲမှာ ကိုယ့် ဖုန်းနံပါတ်ထည့်ပေးထားခဲ့တယ် "
ရိပေါ်အိပ်ယာပေါ်မှာ ငုတ်တုတ်လေးထိုင်နေရင်းနဲ့ပင် ကုတင်းဘေးနားမှာ အဝတ်အစားဝတ်ရင်းပြောနေတဲ့ အကို့ရဲ့စကားကို နားထောင်နေမိသည်။
ရှောင်းကျန့်လုပ်သမျှကို မျက်လုံးပြူးလေးနဲ့ လိုက်ကြည့်နေတဲ့ ကုတင်ပေါ်ကကောင်လေးကို ရှောင်းကျန့်လှမ်းကြည့်ပြီးမေးလိုက်သည်။
"ကိုယ်ပြောတာ ကြားလား.."
"........."
စကားပြန်မလာတဲ့ ကောင်လေးကြောင့် ရှောင်းကျန့် သဘောကျစွာတစ်ချက် လေးရယ်လိုက်မိသည်။ မျက်လုံးဖွင့်ပြီး အိပ်နေတာတော့မဟုတ်ဖူးမလား။ ရှောင်းကျန့်ဝတ်လက်စ အိင်္ကျိကြယ်သီးကိုတပ်ရင်း ကုတင်နားအထိရောက်သွားခဲ့သည်။
"ကောင်လေး.."
ရှောင်းကျန့်မျက်လုံးဖွင့်ပြီး အိပ်ပျော်နေတဲ့ ကောင်လေး ဆံပင်တွေကိုဆွဲဖွရင်း ခေါ်လိုက်သည်။
" ဝမ်ရိပေါ် "
" ......."
ရုတ်တရက်ကြီး ထွက်လာတဲ့ ကောင်လေးရဲ့အသံကြောင့် ရှောင်းကျန့်ပင် ဘာပြောရမှန်းမသိအောင် ကြောင်အပြီး မျက်ခုံးလေးပင့်လိုက်မိသည်။
ရိပေါ်ကိုအကြည့်တွေနဲ့ မေးခွန်းထုတ်နေတဲ့ အကို့ကို ရိပေါ်သေချာပြန်ကြည့်ကာ စကားဆက်ပြောသည်။
"ကျွန်တော့နာမည်က ကောင်လေးမဟုတ်ဘူး။ ဝမ်ရိပေါ် လို့ခေါ်တယ်..."
ထိုအခါမှ ရိပေါ်စကားကို နားလည်သွားတဲ့ အကိုက ခေါင်းလေးတစ်ဆတ်ဆတ်ငြိမ့်ကာ စကားတိုးတိုးလေးကို နှုတ်ခမ်းဖျားလေးက ဖွဖွလေးပြောလာသည်။
ကိုယ်တို့ကြားမှာ နာမည်တွေ သိထားစရာလိုလို့လားတဲ့။
ရိပေါ်အခန်းတံခါးပိတ်ပြီး ပြန်ထွက်သွားတဲ့ အကို့ကို မျက်စိတစ်ဆုံး လိုက်ကြည့်နေမိသည်။ ရိပေါ်မျက်စိထဲက ပုံရိပ်လေး လုံးဝကွယ်ပြောက်သွားမှ ကုတင်ဘေးက အကိုချထားခဲ့တဲ့ ရိပေါ်ဖုန်းလေးကို လှမ်းယူလိုက်သည်။
