ငယ် 💜
Chapter - 9
ချင်းချင်း ကုတင်ပေါ်ဘောင်လေးကို မှီပြီးထိုင်နေသည်။ ရှောင်းကျန့်ကတော့ ကုတင်ဘေးနားက ကြမ်းပြင်လေးမှာ ဒူးထောက်ပြီးစကားပြောနေခဲ့သည်။
"ကိုယ် တောင်းပန်ပါတယ်ချင်းချင်း။ ငယ့်မှာ အားကိုစရာ ကိုယ်ကလွဲပြီး ဘယ်သူမှမရှိတော့ဘူး။ ပြီးတော့ငယ်က အရမ်းငယ်သေးတယ်။ အခုသူအရမ်း စိတ်ဓာတ်တွေကျနေတယ်။ ဒါကြောင့် တစ်ယောက်တည်း လွတ်ထားလို့ မဖြစ်နိုင်တဲ့ အခြေအနေမလို့ပါ..."
ရှောင်းကျန့် စကားကို နားထောင်နေတဲ့ချင်းချင်းက မျက်နှာလေးကို အလှဆုံးပြုံးပြီး ခေါင်းငြိမ့်ပြသည်။
" ကို..."
ချင်းချင်းရဲ့ခေါ်သံလေးကြောင့် ချင်းချင်းကိုစိုက်ကြည့်လာသည့် ရှောင်းကျန့် မျက်နှာပေါ်က မျက်ဝန်းတွေထဲမှာတော့ ချင်းချင်းကို အားနာပါတယ် တောင်းပန်ပါတယ် ခွင့်လွတ်ပေးပါဆိုတဲ့ အကြည့်တွေနဲ့။ ချင်းချင်းခေါင်းလေးငြိမ့်ပြမိသည်။
"ကိုကငယ့်ကို အိမ်ခေါ်လာချင်တာလားဟင်.."
ချင်းချင်းရဲ့စကားကို ခေါင်းခါသည့်ရှောင်းကျန့်။
"ကိုယ်က ဒီအိမ်က ထွက်သွားပေးမှာပါ..."
အစကတည်းက မပိုင်ခဲ့တဲ့ပန်းလေးပေမယ့် ပြန်လွတ်ချလိုက်မယ်လို့ စိတ်ကူးလေးတောင် မရှိထားလို့ နားမှန်းသိပေမယ့် ဆွဲကိုင်မိထားတဲ့ လက်တွေကြောင့် အားနာမှုတွေ ကိန်းအောင်းနေတဲ့ ကို့နှလုံးသားလေးထဲက အမြဲပြောလာတက်တဲ့ အလိမ်အညာ စကားတွေက ချင်းချင်းနားမှာ အမြဲရှိနေမှာပါတဲ့။
ရင်နာတယ် ကိုရယ်။ အစကတည်းက ရှုံးနှိမ့်ထားတဲ့ အချစ်ပွဲမှာ ထပ်ပြီးရှုံးနှိမ့်ဖို့ကို အဆင်သင့်ဖြစ်နေပေမယ့်လည်း တစ်ကယ်တမ်း ချင်းချင်းရဲ့ နှလုံးသားလေးကို ပြန်ချနင်းခံရတာက
ကောင်လေးတစ်ယောက် ကြောင့်တဲ့လား။
အိပ်ယာပေါ်မှာ ရင်ဘက်လေးကိုဖိကာ ငိုနေတဲ့ချင်းချင်း။ သူ့မလက်ထဲမှာ ကိုင်ထားတဲ့ နှစ်ဦးသဘောတူ လက်ထပ်စာချုပ်ဟောင်းလေးတစ်ခုမှာ သတိုးသမီးနာမည်က ချင်းချင်းဖြစ်နေပေမယ့် သတိုးသား နာမည်က ရှောင်းကျန့်ဆိုတဲ့ ကို မဟုတ်ခဲ့ဘူး။
