Chapter - 18 ( Final )

12K 968 17
                                    

ငယ် 💜

Chapter - 18

Xiao group ကြီးရဲ့ လုပ်ငန်းအပြောင်းအရွေ့ ရာထူးအတိုး အလျော့များကြောင့် ယခုပြုလုပ်သည့် အစည်းအဝေးကြီးကို တက်ရောက်သည့်လူတိုင်းမှာ ရင်ခုန်နေကြရသည်။

ဘာကြောင့်လည်းဆိုတော့ ရှောင်းသူဋ္ဌေးကြီးမျက်နှာက ကျောသားရင်သားမခွဲခြားပဲ တရားစီရင်ချက်ချမယ့် တရားသူကြီးမျက်နှာနဲ့ တည်ရှိနေသည်မလား။

များမကြာခင်မှာပင် ထိပ်ဆုံးမှာထိုင်နေသည့် ရှောင်းသူဌေးကြီးဘေးက လူမှ meeting စတင်ကြောင်း ကြော်ငြာသံအဆုံး အေးဆေးစွာထရပ်လိုက်သည့် ရှောင်းသူဋ္ဌေး

"အားလုံး မင်္ဂလာပါ။ ကျွန်​တော်ကတော့ Xiao group ရဲ့ CEO U Xiaoပါ။ ပြီးတော့ ကျွန်တော့်ဘေးမှာထိုင်နေတဲ့ သူကတော့ ကျွန်တော့တစ်ဦးတည်းသောသား Xiao groupကိုဆက်ခံမယ့်သူ ရှောင်ရှောင်းကျန့်ပါ ။ နောက် ဒီဘက်ကလူကတော့ သားလေးရှောင်းကျန့်ရဲ့ တစ်ဦးတည်းသော ပဲ့ကိုင်ရှင်လက်တွဲဖော်လေး ဝမ်ရိပေါ်ပါ။ အားလုံးကို ထွေထွေထူးထူးတော့ ပြန်ပြီးမိတ်ဆက်ပေးစရာ မလိုဘူးမလား။ အားလုံးသိကြမယ် ထင်တယ်။ ခင်ဗျားတို့ ကြာလိုက်ရတဲ့သတင်းက အမှန်ဆိုပေမယ့် သားနှစ်ယောက်စလုံးဟာ သူတို့ရှင်သန်နေရတဲ့ ဘဝအချိန်ခဏလေးမှာ ယောကျာ်းမိန်းမသဘာဝမခွဲခြားပဲ အချစ်ကိုရိုးသားစွာ ပုံဖော်ထားခဲ့ကြသူတွေပါ။

ဒါကြောင့် သူတို့ဖြစ်တည်နေတဲ့ ပေါင်းဖက်မှုဟာ ခင်ဗျားတို့အတွက် အနှောက်အယှက်ဖြစ်စေမှာ မဟုတ်သလို ခင်ဗျားတို့ စိတ်အနှောက်အယှက်ဖြစ်ပွားမှုဟာလည်း သူတို့နှစ်ယောက်အတွက် ဆူးညှောင့်ခလုပ် ဖြစ်သွားနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် ခင်ဗျားတို့တွေ့ သူတို့နှစ်ယောက်ကို လက်မခံပေးနိုင်ရင်တောင် မနှောက်ယှက်ကြပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်။သူတို့ဘဝလေးမှာ သူတို့အေးချမ်းစွာရှိနေသလို ကျွန်တော်တို့လည်း ကျွန်တော်တို့ဘဝလေးအတွက် ငြိမ်းချမ်းစွာနေကြရအောင်ဗျာ။

ပြီတော့ဒီကလေးလေးက ခင်ဗျားတို့သိထားတဲ့ သားရှောင်းကျန့်နဲ့ သားရှောင်းရဲ့သေသွားတဲ့ဇနီးဟောင်ချင်းချင်းတို့ရဲ တစ်ဦးတည်းသောသားလေးစစ်ကျွေးလေးပါ။

ငယ် 💚❤ ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin