ငယ်
Chapter 3
ရိပေါ်တစ်ယောက် နိုးထလာတော့ နာကျင်နေတဲ့ခန္ဓာကိုယ်နဲ့အတူ ခန္ဓာကိုယ်တစ်ခုလုံးကစီးကပ်နေသည်။
ဒါတွေကြောင့် ညကဖြစ်ပျက်သွားတာတွေဟာ အိမ်မက်မဟုတ်ဘူး တစ်ကယ်အဖြစ်တွေဆိုတာ ရိပေါ်လက်ခံလိုက်ရသည်။ ဒါကြောင့် ဝမ်းနည်းစွာငိုလိုက်မိတဲ့ ဝမ်ရိပေါ်။ ဒါဟာ ရိပေါ်ကိုအသုံးမကျတဲ့သူ ယောကျာင်္းလေးတစ်ယောက်ဖြစ်ပြီး မိဘကိုကောင်းကောင်း မကျွေးမွေးနိုင်လို့ ခန္ဓာကိုယ်ကိုယ် အရင်းပြုပြီး ပိုက်ဆံရှာခဲ့မိတယ်ဆိုပြီး ဝမ်းနည်းသွားသောစိတ်ကြောင့်ဖြစ်သည်။
တွေးမိတိုင်း ရိပေါ် ဝမ်းနည်းရသည်။ ဝမ်းနည်းမိတိုင်းလည်း ရိပေါ်ငိုမိသည်။ ရိပေါ်ထိုင်ငိုနေမိတာ အချိန်မည်မျှ ကြာသွားသည်မသိ။ ဗိုက်ရဲ့ဆာလောင်မှုကြောင့်အော်မည်လာတဲ့ အသံကြားမှ ငိုတာရပ်လိုက်မိသည်။ ပြီးမှ ရိပေါ်အိပ်ယာပေါ်မှ အသာအယာ ထထိုင်လိုက်မိသည်။
အ...!!
ခန္ဓာကိုယ် အောက်ပိုင်းမှ ခံစားလိုက်ရတဲ့ နာကျင်မှုက ပြောမပြတက်အောင်နာလွန်းသည်။ သဘာဝတရားကြီးကိုဆန့်ကျင်တဲ့ ခံစားမှုမျိုးကြီးမလား။ ဒါကြောင့် ရိပေါ်တွေးမိရင်း ငိုမိပြန်သွားသည်။ တော်တော်လေး နာနေသည်။ ဒါပေမယ့် ဘယ်သူမှမရှိတဲ့ ဒီတိုက်ခန်းလေးထဲမှာ ဘယ်သူ့ကိုမှ ရိပေါ်အားကိုးလို့မရဘူးလေ။ ဒါကြောင့် ရိပေါ်အားတင်းကာ အိပ်ယာက အသာအယာပြန်ထရပ်လိုက်သည်။
ထရပ်လိုက်မှ ဘာမွမဝတ္ထားတဲ့ ခန္ဓာကိုယ်အောက်ပိုင်းတွင် ပေါင်ရင်းတစ်လျှောက်လုံးကို စီးကျနေတဲ့ သွေးတွေကိုမြင်လိုက်ရသည်။ ဒါတွေကိုအရင်သန့်ရှင်းဖို့ ရိပေါ် အားတင်းကာ ရေချိုးခန်းဘက်ကို ဦးတည်လိုက်သည်။
ဒါတွေအရင်သန့်ရှင်နေမှဖြစ်မယ်။ ရိပေါ် ရေချိုးခန်းထဲရောက်တော့မှ ရေချိုးကန်ထဲကရေကို ခန္ဓာကိုယ်စိမ်ထားလို့ရအောင် အနွေးဆုံးစပ်လိုက်ပြီးမှ တစ်ကိုယ်လုံး ရေကန်ထဲ ဝင်ပြီး ထိုင်ချပြစ်လိုက်သည်။ ထို့ကြောင့်သွေးနီရောင် လွမ်းသွားတဲ့ ရေမျက်နှာပြင်နှင့်အတူ နွေးထွေးသွားတဲ့ ခန္ဓာကိုယ်လေး။ ပြီးတော့ခန္ဓာကိုယ်ရဲ့ နာကြင်မှုအချို့လည်း သက်သာသွားခဲ့သည်။
