Chapter - 6

12.2K 997 18
                                        

ငယ် 💜

Chapter - 6

ရိပေါ် ကျသွားတဲ့ ဖုန်းလေးကို ကြည့်ပြီးကြောင်နေခဲ့သည်။ အကိုပြောသွားခဲ့တဲ့ စကားလေးက ရိုးရိုးလေးပါ။

ငယ် ကိုယ်အခုပို့လိုက်တဲ့ လိပ်စာလေးဆီ လာခဲ့ပေးပါတဲ့။

ထူးဆန်းတဲ့အခေါ်ဝေါ်လေး မကြားဖူးတဲ့နမ်စားလေးက အကို့နှုတ်ဖျားလေးက ထွက်လာခဲ့တာ။ အဲ့နာမ်စားလေးက ကျွန်တော့ကို ခေါ်လိုက်တယ်ဆိုတာ ငြင်းစရာမလိုအောင် ပြီးပြည့်စုံလွန်းတယ်။ ကျွန်တော့ကို အကိုကငယ်တဲ့။

ရိပေါ် ချက်ချင်းပင်အဝတ်အစားကောက်လဲကာ အကိုပို့ပေးတဲ့ လိပ်စာလေးကို ရောက်အောင်ရသွားမည်။ တက်ကြွနေတဲ့ ခြေလှမ်းတွေနဲ့ ခုန်နေတဲ့ ရင်ဘက်ထဲက အကောင်ပေါက်လေးကို ဥပေက္ခာပြု စိုးထိတ်မှုတွေပါဝင်နေတဲ့ ကြောက်ရွံမှုတွေကြားမှာ ဒီဖိတ်ခေါ်မှုလေးက အကိုနဲ့ ကျွန်တော့ကို ခွဲလိုက်ကြဖို့တော့ မဟုတ်လောက်ပါဘူးမလား။

ရှောင်းကျန့် ချင်းချင်းကိုပွေ့ချီပြီး ဧည့်ခန်းလေးမှာ ထိုင်နေစေလိုက်သည်။ ရှောင်းကျန့် ငယ့်ကို လာဖို့ခေါ်လိုက်ပြီလေ။

ချင်းချင်းကတွေ့ချင်တယ်ဆိုလို့ ခေါ်ပေးလိုက်ပေမယ့် ချင်းချင်းက ငယ့်ကို ခေါ်ပြီး ရှောင်းကျန့်နားက ထွက်သွားဖို့ပြောရင်တောင် ရှောင်းကျန့်ကငယ့်ကို ပြန်သွားခိုင်းရမှာပါ။

ငယ်ကိုယ်တောင်းပန်ပါတယ်။ ကိုယ်တို့ရဲ့ တတိယတွေ့ဆုံမှုဟာ လမ်းခွဲခြင်းဆိုတာဖြစ်သွားနိုင်ပါတယ်။

ချင်းချင်း ဆိုဖာလေးမှာ ထိုင်ရင်း​ဘေးနားက ရှောင်းကျန့်ပခုံးလေးကို အားမရှိစွာ မှီထားမိသည်။

"ကို..."

" ဘာလိုချင်လို့လဲ ချင်းချင်း..."

ရှောင်းကျန့်အမေးစကားကို ချင်းချင်းခေါင်းလေးခါပြရင်း ဆက်ပြောသည်။

" ငယ်က ဘာလို့ ကောင်လေးတစ်ယောက်ဖြစ်နေတာလဲ..."

ချင်းချင်းရဲ့စကားကို နားမလည်သလို ခေါင်းလေးစောင်းပြီးကြည့်လာတဲ့ ရှောင်းကျန့်။

" ဘာကိုပြောချင်တာလဲ ချင်းချင်း.."

"ကို့ရဲ့ ငယ်က မိန်းကလေးတစ်ယောက်မဟုတ်ပဲ ဘာလို့ ကောင်လေးတစ်ယောက် ဖြစ်နေတာလဲလို့မေးတာပါ..."

ငယ် 💚❤ ( Completed )Место, где живут истории. Откройте их для себя