Unicode
စစ်မှန်တဲ့အချစ် ၁ ခုမှာနာကျင်မှုတွေမရှိဘဲမနေဘူး။ ကျွန်မဟာ အချစ်စစ် ၁ ခုကိုမခံစားမိခဲ့ဘူး သူနဲ့မတွေ့ခင်အချိန်ထိပေါ့။ အားလုံးကထင်ကြတယ် ၁ ဖက်သက်အချစ်ဟာ ခဏတာစိတ်ခံစားချက်လေး ၁ ခုဖြစ်ပီး နာကျင်မှုနည်းတယ်လို့။ ဒါပေမဲ့ ၁ ဖက်သက်အချစ်ဖြစ်နေရုံနဲ့ပဲ အဲ့အချစ်ကမလေးနက်ဘူးလို့ မဆိုလိုဘူး။ ၁ ဖက်သက်အချစ်ဟာလဲ နာကျင်ရပါတယ် ကိုယ်ချစ်မိရင် ချစ်မိသလောက်ထိပေါ့။ ကျွန်မဟာ အစွဲလမ်းကြီးတဲ့လူ ၁ ယောက်ဖြစ်ခဲ့တယ်။ အဲ့တာကြောင့်လဲ နာကျင်မှုတွေကြုံတွေ့ခဲ့ရပါတယ်။ ကိုယ်ခင်မင်မိတဲ့ လူ ၁ ယောက်ကိုဆုံးရှုံးရတဲ့အခါတိုင်းမှာပေါ့။ ဒါပေမဲ့ အကြိမ်ဖန်တွေများလာတဲ့ အဲ့နာကျင်မှုတွေနဲ့ အသားကျသွားခဲ့တာလား အမာရွတ်တွေအထပ်ထပ်ဖြစ်သွားခဲ့လို့ နှလုံးသားကမခံစားတတ်တော့တာလား မသဲကွဲဘူး။ ကျွန်မဟာ ခွဲခွာရခြင်းနဲ့ ပက်သက်ပီးသွေးအေးသွားခဲ့တယ်။ ကိုယ်ခင်မင်ရတဲ့ လူ ၁ ယောက်ကိုယ့်နားကထွက်သွားတဲ့အခါတိုင်း သူများတွေလို မျက်ရည်မကျမိတော့ဘူး။ ရင်ထဲမှာဟာတာတာခံစားချက်ကလွဲလို့ ဘာကိုမှ အဲ့လောက်ထိဝမ်းနည်းတယ်လို့မခံစားမိတော့ဘူး။ သူ... ဟုတ်တယ် သူကတော့ ကျွန်မမေ့နေခဲ့တာကြာပီဖြစ်တဲ့ ခံစားချက်တွေကို ပြန်ခံစားမိအောင်လုပ်ပေးခဲ့တဲ့ လူ ၁ ယောက်ပဲ။
__________'လရိပ်...ဆောင်းလရိပ်'
ဝသန်မိုး ရဲ့ခေါ်သံကြောင့် လရိပ် နောက်သို့လှည့်ကြည့်ကာ ပြုံးရယ်နှုတ်ဆက်လိုက်မိသည်။ လရိပ် ရဲ့အပြုံးတွေကို အားလုံးကနှစ်သက်ကြတာကြောင့် လရိပ် အမြဲလိုလိုပြုံးရယ်နေမိတာဖြစ်မည်။ ဝသန် ကလရိပ် ဆီလျှောက်လာသည်။
'နင့်ကို မနဲခေါ်လိုက်ရတယ်'
'နင် ဒီနေ့စောလှပါလား'
'အင်း ဒီနေ့ မနက်ဘေးအိမ်မှာအလှူလုပ်နေတာလေ သီချင်းသံတွေ နှိပ်စက်လွန်းလို့ ထလာလိုက်တာ'
'ဪ အဲ့တာကြောင့်ကိုး'
လရိပ် ဝသန် နဲ့အတူတူ စာသင်ခန်းဆီလျှောက်လာခဲ့လိုက်သည်။ ထိုင်နေကျအတန်းမှာ ဝင်လိုက်ရင်း ဝသန် နဲ့ရောက်တတ်ရာရာ စကားတွေပြောနေမိတာ ဘယ်လောက်တောင်ကြာသွားလဲမသိ။ ဆုဖြူစင် နဲ့ သစ္စာနွယ် တို့တောင်အတန်းထဲရောက်လာကြသည်။ ဆုဖြူစင် က လရိပ် တို့ကိုတွေ့တော့ နှုတ်ဆက်ရင်း သစ္စာနွယ် ဘက်လှည့်ကာ၊
![](https://img.wattpad.com/cover/325617270-288-k196557.jpg)
YOU ARE READING
Until He Come
Romanceသူ့ကိုဘယ်ချိန်ကစပီး ပြန်ချစ်မိသွားတာလဲဆိုတာ မပြောတတ်ဘူး ဒါပေမဲ့ သတိထားလိုက်မိတဲ့အချိန်မှာတော့ ငါ့ နှလုံးသားလေးက သူ့အတွက်ခုန်နေတတ်ခဲ့ပီ ငါ့ ဦးနှောက်လေးက သူ့အကြောင်းတွေကိုမှတ်ထားတတ်နေခဲ့ပီ ငါ့ နှုတ်ခမ်းတွေက သူ့ကိုတွေ့တိုင်း သူ့အတွက်အလှဆု...