Unicode
လရိပ် သည်စင်ပေါ်ကို အာရုံမရတော့ဘဲ မကြာခဏဆိုသလို သူ့ဆီကိုသာအကြည့်ရောက်ရောက်သွားပါသည်။ နောက်ကျောလေးပဲ မြင်နေရတာတောင် သဘောကျနေမိတော့သည်။ ဝသန် ကတော့ သူ့နောက်ကို မင်းစစ် ရောက်နေတည်းကရုပ်တည်ကြီးဖြင့်သာ ဖျော်ဖြေပွဲတွေကို မျက်တောင်မခတ်ကြည့်နေပါတော့သည်။ မင်းစစ် ရော လွန်းခန့်ပိုင် ရောကမကြာခင်မှာပဲ rehearsal ရှိသဖြင့်ထွက်သွားကြပါတော့သည်။ ထိုအခါမှသာ လရိပ် ရော ဝသန် ရောကလွတ်လပ်သွားသလိုခံစားရကာ ဖျော်ဖြေပွဲတွေကို အော်ဟစ် လက်ခုပ်တီး အားပေးပါတော့သည်။
၁ ခါ ၁ လေတော့လဲ လူ ၁ ယောက်ကိုကြိုက်ရတာက အသက်ရှူကျပ်ပါသည်။ ဘာကြောင့်မှန်းမသိ ထိုလူကအနီးအနားမှာရှိနေလျှင် မနေတတ်မထိုင်တတ်ဖြစ်ရပါသည်။
လရိပ် နဲ့ ဝသန် မှာလဲ ပွဲပီးအောင်မကြည့်လိုက်ရပါ။ သစ္စာ တို့လျှောက်တာကြည့်ပီးသည်နှင့် rehearsal လုပ်ရန်ထွက်လာခဲ့ရပါတော့သည်။ rehearsal လုပ်မည့်နေရာရောက်တော့ လရိပ် နဲ့ ဝသန် တို့က ခုံလေး ၁ ခုစီတွင်ဝင်ထိုင်လိုက်ကြသည်။ လရိပ် တို့ဘေးနားတွင်တော့ ပွဲအတွက် ပူဖောင်း တွေမှုတ်နေသော စီနီယာ ၁ စုရှိလေသည်။ လရိပ် ပျင်းရိပျင်းရွဲဖြင့် ထိုင်ခုံပေါ်တွင်ထိုင်နေလိုက်သည်။ ခဏကြာတော့မှ rehearsal စတော့သည်။ လရိပ် တို့မိန်းကလေးတွေအလှည့်လျှောက်ပီး ခဏထိုင်နေတုန်း hall ထဲသို့ လူအချို့ဝင်လာကြသည်။ လရိပ် ကအရှေ့နားက ဆိုဖာတွေတွင်ထိုင်နေသည်ဖြစ်ရာ လူရိပ်သာမြင်သော်လည်း ဘယ်သူတွေလဲဆိုတာကိုတော့ မသိလိုက်။ ခဏနေတော့ လရိပ် ဘေးတွင်ထိုင်နေသော ဝသန် က၊'ဟဲ့ အနောက်မှာ နင့်ဟာ ရောက်နေတယ်'
'ဟမ်! တကယ်ကြီးလား!'
လရိပ် ချက်ချင်း ဆိုသလို လှည့်ကြည့်လိုက်မိပါသည်။ ပရိတ်သတ်ထိုင်သောခုံတွင် ထိုင်နေလျက် ရှေ့ကိုကျော်ကြည့်နေသော သူ့ကိုတွေ့လိုက်ရတော့သည်။ လရိပ် သူ့ကိုတွေ့တာနဲ့ ရှေ့ကိုချက်ချင်းပြန်လှည့်လိုက်မိသည်။
နောက် ၁ ခုကတော့ မင်းစစ် လည်းပဲ hall ခန်းထဲတွင် လွန်းခန့်ပိုင် နှင့်ရှေ့ဆင့်နောက်ဆင့်ရောက်လာခဲ့သည်။ လရိပ် မင်းစစ် ကို ၁ ချက်ကြည့်လိုက်ပီးနောက်၊
YOU ARE READING
Until He Come
Romanceသူ့ကိုဘယ်ချိန်ကစပီး ပြန်ချစ်မိသွားတာလဲဆိုတာ မပြောတတ်ဘူး ဒါပေမဲ့ သတိထားလိုက်မိတဲ့အချိန်မှာတော့ ငါ့ နှလုံးသားလေးက သူ့အတွက်ခုန်နေတတ်ခဲ့ပီ ငါ့ ဦးနှောက်လေးက သူ့အကြောင်းတွေကိုမှတ်ထားတတ်နေခဲ့ပီ ငါ့ နှုတ်ခမ်းတွေက သူ့ကိုတွေ့တိုင်း သူ့အတွက်အလှဆု...