အပိုင်း-(၁၆)

462 12 0
                                    

Unicode

'​ရော့ popcorn'

ရှိုင်းသစ်ဦး ​ပေးလာတဲ့ popcorn ကိုယူကာ လရိပ် ပါးစပ်ထဲကို ၁ ခုထည့်လိုက်ပါသည်။

'ရုပ်ရှင်က​တော့ ​နောက် ၁၅ မိနစ်​လောက်​​​နေမှ စမယ်တဲ့'

'အင်း'

လရိပ် ​popcorn ​တွေကိုသာ ၁ ခုပီး ၁ ခုစား​နေလိုက်ပါ​တော့သည်။ ရှိုင်းသစ်ဦး က​တော့ဘာမှမ​ပြောဘဲ popcorn စား​နေတဲ့ လရိပ် ကြည့်​ကောင်း​ကောင်းဖြင့်ထိုင်ကြည့်​နေပါ​တော့သည်။

ရုပ်ရှင်ကြည့်ရင်းစားဖို့မှာတယ် မှတ်တာ ဒီတိုင်းစားချင်လို့မှာတာဖြစ်​နေတာပဲ

ရှိုင်းသစ်ဦး ပြုံးမိသွားပြန်ပါသည်။
'မ popcorn ကြိုက်တာလား'

'အင်း ဒါ​ပေမဲ့ ရုပ်ရှင်ရုံက popcorn ကိုပိုကြိုက်တယ် ​အရသာရှိလို့'

'ဪ'

၁ ဖက်တွင်လဲ ဝသန် နှင့် ဟန်မင်းဆက်​ မှာ cafe date လုပ်​နေကြတာဖြစ်သည်။

'ဝသန် ​ကော်ဖီ​သောက်ပီးရင် ဘယ်သွားချင်လဲ'

'အင်...ဓါတ်ပုံရိုက်လို့​ကောင်းမယ့် ​နေရာ​ပေါ့'

ဟန်မင်းဆက်​ ရာသီဥတုအ​ခြေအ​နေကို ၁ ချက်ကဘည့်လိုက်ပီး၊

'The Central သွားမလား ဒီ​​နေ့ မိုးလဲအုံ့​တော့'

'အင်း သွားမယ်​လေ'

​ပြောပီးသည်နှင့် ​ကော်ဖီကို ဂွတ်ခနဲဆို​မော့ချလိုက်ကာ၊

'ရပီ သွားစို့'

'ဟင် မြန်လိုက်တာ'

'သွားမယ်လို့ လာ'

​တကယ်ပါ ဝသန် ကို ဟန်မင်းဆက်​ ၁ စက်က​လေးမှမနိုင်ပါ။ လာတည်းက ဟန်မင်းဆက်​ ကသူ့ကားဖြင့်​ခေါ်လာခဲ့တာ​ကြောင့် သွားရလာရတာ လွယ်ကူနေတာဖြစ်သည်။ မဟုတ်ရင် ဒီ​ကောင်မ​လေးအလိုကိုဘယ်လိုမှ လိုက်နိုင်မည်မဟုတ်ပါ။ ဒီလိုနဲ့ ​ကော်ဖီ​​လေး​တောင် ပီး​အောင်မ​သောက်လိုက်ရဘဲ ဟန်မင်းဆက်​ ဝသန် ဆွဲ​ခေါ်ရာ​နောက်လိုက်ခဲ့ရပါ​တော့သည်။ Central ကို​ရောက်​တော့ ဟန်မင်းဆက်​ ဟာ ဝသန့် ရဲ့ personal cameraman ဖြစ်သွားပါ​တော့သည်။ ဝသန် သွားရာ​နောက်​လျှောက်လိုက်​နေရင်း ဓါတ်ပုံလိုက်ရိုက်​ပေး​​နေရပါသည်။ သူတို့ လမ်း​လျှောက်ပီး ဓါတ်ပုံရိုက်​နေရင်းဖြင့်စာအုပ်ဆိုင်​ရှေ့​ရောက်လာ​သောအခါ၊

Until He ComeDonde viven las historias. Descúbrelo ahora