Unicode
အဲ့နောက်တော့ ၁၀း၀၀ လောက်တွင် ဝသန် ၏နှိုးဆော်မှုကြောင့် rehearsal လုပ်ရမည့်နေရာသို့လာခဲ့ပါသည်။ လေ့ကျင့်ပေးမည့်ဆရာ၊ စီနီယာအချို့နှင့် လရိပ် တို့သာရှိနေပီး လူမစုံသေးတာကြောင့် နည်းနည်းလောက်စောင့်ခဲ့ပီးမှ rehearsal စဖြစ်ခဲ့သည်။ rehearsal ကပျော်စရာကောင်းသည်။ စီနီယာအကိုကြီးတွေက ဂီတာတီးပီး သီချင်းဆိုကြသည်။ လရိပ် ကတော့ လမ်းလျှောက်ကျင့်ရတာပင်ပန်းပေမဲ့လဲ ပျော်နေခဲ့ပါသည်။ ဝသန် ကတော့ အကြီးအကျယ်တိုင်ပတ်နေခဲ့တာဖြစ်သည်။ မင်းစစ် က လရိပ် တို့ rehearsal တွင်သူ့သူငယ်ချင်းတွေရှိနေသဖြင့် လာကြည့်နေတာဖြစ်သည်။ ဝသန် က မင်းစစ် ကို ၁ ချက်ကြည့်လိုက်ပီး၊
'အဲ့ကောင်က ဘာလို့ ဒီရောက်နေတာတုန်း'
လရိပ် လဲ ဝသန် ပြောတော့မှ မင်းစစ် ကို ၁ ချက်ကြည့်လိုက်မိရင်း ရယ်လိုက်မိကာ၊
'သူ့သူငယ်ချင်းတွေ ရှိတယ်လေဟယ် နင်ကလဲ'
'ရှိလဲ မလာနဲ့ သွား'
'သူကလဲ ရည်းစားရပီးတော့မှ မျက်စိရှေ့မှာချည်းပဲ'
'အဲ့တာပြောတာ'
ဝသန် ကမကျေနပ်စွာ မျက်စောင်းခဲရင်းပြောတော့ လရိပ် သဘောကျစွာ ၁ ချက်ရယ်လိုက်မိပါသည်။ ဝသန် ဒီတိုင်းတောင် တိုင်ပတ်နေပါတယ်ဆို သင်ပေးတဲ့ဆရာက စင်ပေါ်မှာ လျှောက်ရမယ့်လမ်းကြောင်းတွေကို ပြောပြနေတော့ မင်းစစ် က ဝသန့် ရှေ့တည့်တည့်ကနေထိုင်ပီးနားထောင်နေခဲ့တာလေ။ သူနဲ့လဲမဆိုင်ဘဲနဲ့ ဝသန် တို့ welcome မှာသူတက်လျှောက်ရမှာလဲ မဟုတ်ဘဲနဲ့။
ခွေးကောင်!
လရိပ်ကတော့ ကိုယ့်အာရုံနှင့်ကိုယ်ပင် ဆရာပြောတဲ့ ရှုပ်ယှက်ခက်နေတဲ့ လမ်းကြောင်းတွေလဲ နားထောင်ရင်း စိတ်တွေလဲလွင့်နေရင်းပေါ့။ မနက်ပိုင်း rehearsal ကသိပ်အကြာကြီးမလုပ်ခဲ့ရပါဘူး နေရာက ပွဲလုပ်မဲ့နေရာမဟုတ်လို့ အဆင်မပြေတာနဲ့ နေ့လည်ကျမှ ပွဲလုပ်မယ့် နေရာတွင်တွေ့ဖို့ ထပ်ချိန်းလိုက်ကြသည်။ ထိုအခါ ဝသန် ကလွတ်လပ်ပီဆိုသောပုံစံဖြင့် အိတ်ကိုဆွဲကာထွက်သွားတော့ လရိပ် တောင်မီအောင်မနဲလိုက်ခဲ့ရသည်။ ကန်တင်းသွားတဲ့လမ်းရောက်မှ ဝသန် က၊
ESTÁS LEYENDO
Until He Come
Romanceသူ့ကိုဘယ်ချိန်ကစပီး ပြန်ချစ်မိသွားတာလဲဆိုတာ မပြောတတ်ဘူး ဒါပေမဲ့ သတိထားလိုက်မိတဲ့အချိန်မှာတော့ ငါ့ နှလုံးသားလေးက သူ့အတွက်ခုန်နေတတ်ခဲ့ပီ ငါ့ ဦးနှောက်လေးက သူ့အကြောင်းတွေကိုမှတ်ထားတတ်နေခဲ့ပီ ငါ့ နှုတ်ခမ်းတွေက သူ့ကိုတွေ့တိုင်း သူ့အတွက်အလှဆု...