အပိုင်း-(၈)

480 13 0
                                    

Unicode

ဝသန် ဒီ​နေ့​ကျောင်းကို​စော​ရောက်​နေပီး သစ္စာ နှင့်အတူကန်တင်းထိုင်​နေတာဖြစ်သည်။

'ဟဲ့ သစ္စာ သိလား မ​နေ့က​လေ မင်းစစ် ငါ့ကိုစကားလာ​​ပြောတယ် ပီး​တော့ဟယ် သူ့မှာကြိုက်​နေတဲ့သူရှိနေပီထင်တယ်တဲ့ဟယ် ဖြစ်သင့်လား အဲ့တာငါ့ကို တကူးတကလာ​ပြော​နေတယ်'

သစ္စာ က​ကော်ဖီ​အေးကို ၁ ငုံ​လောက်​သောက်လိုက်ပီး​နောက်၊

'နင့်ကို တကူးတကလာ​ပြောတာဆို​တော့ သူကြိုက်​နေတဲ့ ၁ ​ယောက်ကနင်များလားမသိဘူး'

'ဖြစ်စရာလားဟယ် အဲ့​ကောင် သက်သက် လာ play ​နေတာ ငါ့ကို'

'နင် အကိုဟန်မင်းဆက်​ နဲ့က​ရော ဘာဖြစ်သွားပီလဲ'

'ဘာမှမဖြစ်​သေးဘူး play ခံရမယ့်အစား အဲ့အကိုနဲ့ပဲ ​ကောက်တွဲပလိုက်ချင်တယ်'

'​အေးပါ'

ထိုစဉ် ဖြူစင် နဲ့ လရိပ် လဲ​ရောက်လာခဲ့သည်။ ဝသန် မှာ လရိပ် ကိုမြင်သည်နှင့်မဲ့ကာ ရွဲ့ကာနှင့်၊

'အမ မ​နေ့က​​ပျော်မှ​​ပျော်ခဲ့ရဲ့လား'

ထိုအခါ လရိပ် ကသွားဖြီးပြလာပီး၊

'ဟီး ​ပျော်ခဲ့တယ်'

'ထင်ပါတယ်'

ဖြူစင် ကလဲဝင်​ပြောလာသည်။

'​ပျော်ခဲ့လား မ​ပျော်ခဲ့လားက​တော့ သူ့ My Day သာဝင်ကြည့်လိုက်​တော့'

'ဟုတ်သား ငါမကြည့်ရ​သေးဘူး'

ဝသန်​ ​ပြောရင်းဖုန်းထုတ်ကြည့်​သောအခါ ဖြူစင် က၊

'ဘယ်ကြည့်ရဦးမလဲ မ​နေ့က မင်းစစ် နဲ့စကား​ပြောပီးသာယာ​နေတာကိုး'

ထိုအခါမှ လရိပ် ကလဲထိုအ​ကြောင်းကိုသတိရသွားလျက်၊

'ဟုတ်သား ဘာတဲ့လဲ နင်တို့ ဘာအ​ကြောင်း​တွေပြာကြတာလဲ'

'လာ အတန်းထဲ​ရောက်မှဆက်​ပြောကြ​တော့ ၉း၀၀ ထိုး​တော့မယ်'

ဖြူစင်​ ​ပြော​တော့မှ သူတို့လဲ အတန်းထဲသွားဖို့သတိရကြ​တော့သည်။ ဝသန် တို့​ရောက်​တော့ အမြဲလိုလို ဆရာမဝင်ပီး ၁၅ မိနစ်​လောက်မှ​ရောက်​သော မင်းစစ် တို့ အုပ်စုက မ​ရောက်​သေး​ပေ။ ဒီ​နေ့ပထမဆုံးအချိန်က​တော့ chemistry ချိန်ဖြစ်သည်။ ဝသန် တို့ ဆရာရှင်းသွား​​သော ပုစ္ဆာကိုလိုက်တွက်ပီး​နောက် အ​ဖြေမှန်သွားသဖြင့် လရိပ် နှင့်စကားများ​နေဖြစ်​တော့သည်။

Until He ComeWhere stories live. Discover now