Unicode
လရိပ် ကကိုယ့်အာရုံနဲ့ကိုယ်မို့ ၁ ဖက်ကဝိုင်းကိုသတိမထားမိပါ။ ဝသန့် ကိုပဲနှုတ်ဆက်လိုက်ကာ လူအသွားအလာကောင်းကောင်းမြင်ရသော နေရာတွင်ဝင်ထိုင်လိုက်ပါတော့သည်။ လရိပ် ခုတော့ single ပြန်ဖြစ်သွားပီမို့လို့ အဆင်တွေရှယ်ငမ်းတော့မည်ဖြစ်သည်။ ထိုစဉ်တွင် အလွန့်လွန်ရင်းနှီးသောအဆင် ၁ ကောင်အားတွေ့လိုက်ရတော့သည်။ လျှောက်လာတာများ လုံးဝမိမိုက်နေရော ရုပ်ကလဲချေမိုးနေရော၊ ၁ ခုပါပဲ လရိပ် ကိုတွေ့သည်နှင့်ပါးချိုင့်တွေပေါ်လာအောင်ပြုံးပြပီး လက်တွေလှမ်းပြနေတော့သည်။ လရိပ် လဲပြန်ပြုံးပြလိုက်ရပါသည်။
၁ ဖက်ဝိုင်းက လွန်းခန့်ပိုင် ကတော့ခုဏကတည်းက လရိပ် ကိုကြည့်နေသည်ဖြစ်ရာ လရိပ် ပြုံးပြနေသည်ကိုတွေ့သောအခါ လရိပ် ကြည့်နေသည့်နေရာကိုလိုက်ကြည့်လိုက်မိပါတော့သည်။ လွန်းခန့်ပိုင် စိတ်ထဲမကျေမနပ်ဖြစ်သွားရသည်။ ရှိုင်းသစ်ဦးကြောင့်သူတို့လမ်းခွဲခဲ့ကြရပေမဲ့ လရိပ် ကတော့ ထိုကောင်လေးနှင့်ပိုတောင်ရင်းနှီးလာပုံရလေသည်။
ရှိုင်းသစ်ဦး က သူ့သူငယ်ချင်းတွေနှင့် တခြား ၁ ဖက်ကိုထွက်သွားသောအခါ ဖြူစင် ကပြောလာသည်။'မောင်လေးနဲ့ သာယာနေတာပေါ့လေ'
'မဟုတ်ပါဘူးဟယ် သူကလိုက်ကပ်နေတာ'
'အဲ့ရုပ်လေးနဲ့ပဲ အကပ်မခံနိုင်စရာဘာရှိလဲ'
'အဲ့တာပြောတာ'
လရိပ် နဲ့ ဖြူစင် ကစရင်းနောက်ရင်း ရယ်မောနေကြချိန်တွင် သစ္စာကတော့ ၁ ဖက်ကဝိုင်းကိုသာ ၁ ချက်ကြည့်လိုက်မိပါတော့သည်။ လရိပ် ကနေ့လည်စာစားပီးသောအခါ အအေး ၁ ဘူးကိုင်ရင်းထွက်လာခဲ့တော့သည်။ ဝသန် ကဘဲနဲ့ဒိတ်နေပီး ကျန် ၂ ယောက်ကတော့ ကျောင်းသားရေးရာသို့သွားစရာရှိသည်ဆိုတာကြောင့် လရိပ် ၁ ယောက်တည်း လေညှင်းခံရင်း စာသင်ဆောင်ဆီလျှောက်လာခဲ့ပါသည်။ ထိုစဉ်တွင် viber မှ noti တက်လာတာကြောင့်ဖွင့်ကြည့်လိုက်မိသည်။
Ep group
💬ဒီနေ့မေဂျာချိန်မရှိပါလရိပ် လမ်းလျှောက်နေရာမှရပ်လိုက်ပီး၊
YOU ARE READING
Until He Come
Romanceသူ့ကိုဘယ်ချိန်ကစပီး ပြန်ချစ်မိသွားတာလဲဆိုတာ မပြောတတ်ဘူး ဒါပေမဲ့ သတိထားလိုက်မိတဲ့အချိန်မှာတော့ ငါ့ နှလုံးသားလေးက သူ့အတွက်ခုန်နေတတ်ခဲ့ပီ ငါ့ ဦးနှောက်လေးက သူ့အကြောင်းတွေကိုမှတ်ထားတတ်နေခဲ့ပီ ငါ့ နှုတ်ခမ်းတွေက သူ့ကိုတွေ့တိုင်း သူ့အတွက်အလှဆု...