အပိုင်း-(၁၄)

439 12 0
                                    

Unicode

လရိပ် ချက်ချင်းပဲပို့ထားတဲ့စာကိုပြန်ဖျက်လိုက်သည်။ ပီးမှ၊

💬sry မှားပို့မိတာ

ပီး​နောက် လရိပ် ဝသန် နဲ့ chat box ကို​ထောက်လိုက်ပီး၊

💬​နင်​နေဦး နင်နဲ့​နောက်မှရှင်းမယ်

အဆက်အစပ် မရှိ​သောစာ​ကြောင့် ဝသန် ​ကြောင်သွားရသည်။

ဘာပါလိမ့်?

ခဏ​နေ​တော့ လရိပ် ဆီ ရှိုင်းသစ်ဦး စာပြန်လာ​တော့သည်။

💬ဪ ရပါတယ် မ သူငယ်ချင်းနဲ့စကား​ပြော​နေ
တာ ​နှောက်ယှက်မိသွားတယ်ထင်တယ်

💬မဟုတ်ပါဘူး ရပါတယ် ​​ပြော​ ဘာ​ပြောမလို့လဲ

လရိပ် ခုမှပဲသက်ပြင်းချမိပါ​တော့သည်။

​တော်​​သေးတာ​ပေါ့ ဘာမှပြန်မ​​မေးလို့

ရှိုင်းသစ်ဦး လဲသိချင်တာ​ပေါ့ သူ့ကိုမှားပို့တဲ့စာက ဘာအ​ကြောင်းကို​ပြော​နေတာလဲဆိုတာကို​ပေါ့။ ဒါ​ပေမဲ့ ပြန်မ​မေးဖြစ်ခဲ့ပါဘူး။ လရိပ် စိတ်အ​နှောက်အယှက်ဖြစ်သွားမှာစိုးလို့။

💬ဒီတိုင်း မ လိုင်း​ပေါ်မှာရှိ​နေလို့ လာ hi တာ😁

💬​အေးပါ ဒါနဲ့ congratulation ​နော် မ​နေ့က ​လော​
လော ​လော​လော နဲ့ထွက်သွားတာ မ​ပြောလိုက်ရ
လို့

💬ကျွန်​တော်က မ ​မေ့​နေမီထင်​နေတာ

💬တကယ်​တော့လဲ ​မေ့​နေတာပါ😆

💬🥲 ရပါတယ် ​ပြော​ပေးတာပဲ ကျနပ်ပါပီ

💬ဟီး😁

ရှိုင်းသစ်ဦး စာရိုက်​နေရင်း ပြုံးမိသွားသည်။

အမြဲခပ်တည်တည်​​နေတယ်ပဲထင်ခဲ့တာ၊မ ကိုအဲ့​လောက်ချစ်ဖို့​​ကောင်းမယ်မှန်းမသိခဲ့ဘူး

💬တကယ်​တော့ ​မေးချင်​​နေတာ​လေးရှိတယ်

💬​မေးကြည့်​လေ

💬ဟို.... ဟိုအကိုနဲ့ပြတ်သွားတာ အဆင်​​ပြေသွား
ပီလား

သူ​မေး​တော့မှပဲ လရိပ် ကိုယ့်ကိုကိုယ် သတိထားမိ​တော့သည်။ သူမ​မေ့​နေခဲ့သည်။ welcome ပီးတည်းက လွန်းခန့်ပိုင် ကို​မေ့​နေခဲ့တာဖြစ်သည်။ ဘာ​ကြောင့် အဲ့​လောက်ထိအမှုမဲ့ အမှတ်မဲ့လိုဖြစ်သွားရတာပါလိမ့်။ လရိပ် လည်းမစဉ်းစားတတ်​တော့ပါ။ သူမအ​တွေးများ​နေစဉ်တွင် ရှိုင်းသစ်ဦး ကစာထပ်ပို့လာပြန်သည်။

Until He ComeWhere stories live. Discover now