Unicode
The whole welcome နေ့မလို့ Hall ထဲတွင်လူတွေပြည့်နေကြသည်။ လရိပ် နဲ့ ဝသန် တို့ ၂ ယောက်ကတော့ရောက်နှင့်နေကြပီး ကျန်တဲ့ ၂ ယောက်ကတော့ နောက်ကျနေသည်။ လရိပ် နဲ့ ဝသန် ထိုင်နေတုန်းတွင် သူမတို့နားသို့ နှင်းဆီ project မှအမ ၁ ယောက်ကရောက်လာပီး နှင်းဆီပန်း တွေလာပေးသွားသည်။ နှင်းဆီ project ဆိုတာကတော့ welcome ရောက်တိုင်းလုပ်လေ့ရှိတဲ့ ပျော်စရာ ၁ ခုပါ။ ကိုယ်သဘောကျတဲ့သူဆီ နှင်းဆီပန်းပို့ပေးတဲ့ project ၁ ခုပါ။ လက်ခံရတဲ့သူကိုလဲ ဘယ်သူပေးတယ်ဆိုတာမပြောဘဲပေးပေးပါသည်။ ဒီနေ့တော့ လရိပ် နဲ့ ဝသန် တို့နှင်းဆီပွင့်တွေရခဲ့ပါသည်။ ဝသန် ရတာကတော့ နှင်းဆီ ၁၀ ပွင့်ပါတဲ့ပန်းစည်းဖြစ်ပီး၊ လရိပ် ရတာကတော့ သူများတွေနဲ့မတူတဲ့အဖြူရောင် နှင်းဆီပန်းဖြစ်သည်။ ဝသန် ၁ ယောက်ကတော့ နှင်းဆီပန်းစည်းကြီးကိုသဘောတကျကြည့်ကာပြုံးနေတော့သည်။ လရိပ် ကတော့ သူများနဲ့မတူတဲ့ အဖြူရောင်နှင်းဆီကြောင့် ခေါင်းစားနေရင်း နှင်းဆီပန်းနဲ့အတူပါလာတဲ့ စာအိတ်လေးကိုဖွင့်ကြည့်လိုက်ပါတော့သည်။
စာရွက်လေးက ပန်းနုရောင်လေး ပီးတော့စာထဲမှာရေးထားတာက၊ကိုယ်သဘောကျတဲ့သူကို နှင်းဆီပန်းအနီရောင်မပေးရဘူးဆိုလို့ အဖြူရောင်လေး ပေးတာပါ သဘောကျမယ်လို့မျှော်လင့်ပါတယ် ဒီပန်းလေးကြောင့်ပြုံးသွားရင်ပဲကျေနပ်ပါပီ ♡
S.T.Oလရိပ် စာကိုဖတ်ကြည့်မိရင်းက တကယ်ပြုံးသွားရပါသည်။ နှင်းဆီပန်းအဖြူရောင်လေးကလဲ တကယ်ကိုလှသည်။ လရိပ် နောက်ဆုံးက နာမည်အတိုကောက်လေးကိုဖတ်ကြည့်လိုက်တည်းက ဘယ်သူမှန်း ခန့်မှန်းလို့ရနေပါသည်။ လရိပ် စာကိုဖတ်ပီး ပြန်မော့ကြည့်လိုက်မိသောအခါတွင် ဝသန့် မျက်နှာကိုနီးနီးကပ်ကပ်တွေ့လိုက်ရပါတော့သည်။
'အမလေး! လန့်တာ ဘယ်လိုလုပ်အတင်းလာကပ်နေတာတုန်း'
ထိုအခါမှ ဝသန် ကအနည်းငယ်ပြန်ခွာသွားပီး၊
'ဘယ်သူပေးတာလဲ ပါလား မဟုတ်မှ လွန်း...'
လရိပ် ဝသန် စကားကိုဖြတ်လိုက်သည်။
JE LEEST
Until He Come
Romantiekသူ့ကိုဘယ်ချိန်ကစပီး ပြန်ချစ်မိသွားတာလဲဆိုတာ မပြောတတ်ဘူး ဒါပေမဲ့ သတိထားလိုက်မိတဲ့အချိန်မှာတော့ ငါ့ နှလုံးသားလေးက သူ့အတွက်ခုန်နေတတ်ခဲ့ပီ ငါ့ ဦးနှောက်လေးက သူ့အကြောင်းတွေကိုမှတ်ထားတတ်နေခဲ့ပီ ငါ့ နှုတ်ခမ်းတွေက သူ့ကိုတွေ့တိုင်း သူ့အတွက်အလှဆု...