အပိုင်း-(၅)

532 14 0
                                    

Unicode

တိန်!'

ဝသန် ကုတင်​ပေါ်လှဲအိပ်ရင်း ဖုန်းသုံး​နေတုန်း ရုတ်တရက်ထမြည်လာ​သော noti သံ​ကြောင့် လန့်သွားကာ မျက်နှာ​ပေါ်ဖုန်းပြုတ်ကျသွားရပါသည်။

'ဂွပ်'

'အ! နာလိုက်တာ~~~'

ဝသန် နာသွား​​သော နဖူးကိုပွတ်သပ်ရင်း ထထိုင်လိုက်ကာ ဘယ်က noti လဲကြည့်လိုက်မိ​တော့သည်။ ထိုအခါ FB တွင် friend request အသစ်တက်​နေတာကို​တွေ့လိုက်ရ​တော့သည်။ Acc name က Han Min Sat ။ ဝသန် လဲ mutual မ​တွေ့တာနဲ့ Acc ထဲဝင်ကြည့်လိုက်မိပါသည်။ Acc ထဲတွင် ​ထွေ​ထွေထူးထူး ဘာမှမတင်ထား​သော်လည်း story highlight ၁ ခုတွင် mirror selfie ၁ ပုံ​တွေ့လိုက်သဖြင့် ဝသန် ဝင်ကြည့်လိုက်​သောအခါ၊

ဟင် ဟိုအကိုပဲ!

ဝသန် အခန်း​ထောင့်​လေးတွင်​​ထောင်ထား​သောထီးကိုလှမ်းကြည့်လိုက်မိပါသည်။ ထို့​နောက်တွင်​တော့ friend request ကို accept လုပ်လိုက်ပါ​တော့သည်။ ဝသန် ထိုညက ထိုအကိုကြီး acc ထဲသို့​လျှောက်ကြည့်​နေမိပါ​တော့သည်။

ဆို​တော့ နာမည်က ဟန်မင်းဆက် ​ပေါ့ လူ​​ရော နာမည်​ရော မိုက်သား

​နောက်​နေ့ကျ ဝသန် ပုံမှန်အတိုင်း​ကျောင်းသို့လာခဲ့ပါသည်။ မနက်ပိုင်းအတန်းချိန်မရှိသဖြင့် ဝသန် လရိပ် တို့ရှိမည့် ကန်တင်းကိုသာလာခဲ့လိုက်ပါသည်။ ကန်တင်းကို​ရောက်သည်နှင့် လရိပ် သစ္စာ နှင့် ဖြူစင် တို့ကို​တွေ့လိုက်ရပါ​တော့သည်။ ဝသန် က လရိပ် ​ဘေးနားတွင်ဝင်ထိုင်လိုက်ပါသည်။ ဖြူစင် ကအရင်နှုတ်ဆက်လာသည်။

'​​နောက်ဆုံး​တော့ ရောက်လာပီပဲ'

သစ္စာ ကလဲ၊

'ငါတို့ ဒီမှာထိုင်​နေတာ ကြာလှ​နေပီ'

'အတန်းချိန်မှ မရှိတာ​​အေး​ဆေး​ပေါ့ နင်တို့ကလဲ'

ဝသန် က ဖြူစင် နှင့် သစ္စာ တို့ကို​ပြောပီး သူမအားထူးဆန်းစွာလိုက်ကြည့်​နေ​သော လရိပ် ကိုကြည့်လိုက်မိပါ​တော့သည်။

'နင်က ဘာ​တွေအဲ့​လောက်ကြည့်​နေတာလဲ'

လရိပ် သည် ဝသန် ဝင်လာတည်းက အရင်ရက်​တွေထက်စာရင် အနည်းငယ်ကြည်လင်​နေတာကို ​သတိထားမိသဖြင့် လိုက်ကြည့်​နေမိတာဖြစ်သည်။

Until He ComeDonde viven las historias. Descúbrelo ahora