အပိုင်း-(၄)

537 16 0
                                    

Unicode

လရိပ် ​ပေါ်လာ​သော Chat head ​​လေးကို​ထောက်ကြည့်လိုက်သည်။

💬Hi

💬Hi

လရိပ် ပြန် Hi လိုက်ပီးမကြာခင်စာထပ်ပို့လာသည်။

💬မ​နေ့က မ​ပြောလိုက်ရဘူး EP Queen ဖြစ်သွားတာ congratulation ပါ

💬​Thanks
     နင်လဲ Civil King ဖြစ်သွားတာ
     Congratulation

💬​ကျေးဇူး The whole ပွဲကျ​တွေ့ရဦးမှာပဲ

💬အင်း​နော် ထပ်လဲပင်ပန်းဦးမှာ

💬ဟုတ်တယ်

ထိုနေ့က လရိပ် လွန်းခန့်ပိုင် နှင့်အချိန်အ​တော်ကြာစကားပြောဖြစ်ခဲ့ပါသည်။ ၁ ဖက်က​တော့ဘယ်လိုလဲ မသိ​ပေမဲ့ လရိပ် က​တော့အရမ်း​ပျော်ခဲ့ရပါသည်။ ဒီလိုနဲ့ The whole ပွဲအတွက် rehearsal ​တွေစကျင့်ရမည့်​နေ့ရက်​​တွေဆီ​​ရောက်လာခဲ့​တော့သည်။ လရိပ် သူ့ကိုပထမဆုံးအ​နေနှင့် အပြင်မှာနီးနီးကပ်ကပ်​တွေ့ဖူးခဲ့​သောရက်​တွေဖြစ်သည်။ သို့​ပေမဲ့ လရိပ် ရဲ့ကြည့်နူးမှု​လေးကမကြာလိုက်ရပါ။ ၁ ရက်​တော့ ပွင့်ခက် က​ပြောလာသည်။

'ဟဲ့ နင် လွန်းခန့်ပိုင် ကိုမကြိုက်နဲ့​တော့'

'ဘာလို့လဲ'

'သူက Civil Queen ကိုကြိုက်​နေတာတဲ့'

'ဟုတ်လား အဲ့တာဆိုလဲ မကြိုက်​တော့ဘူးဟာ'

လရိပ် အပြင်ပန်းမှာသာဘာမှ မဖြစ်သလို​ပြောလိုက်​ပေမဲ့ ရင်ထဲမှာ​တော့​အောင့်သက်သက်နှင့်ပင်ဖြစ်သည်။

ဝသန် ရဲ့ခံစားချက်က ဒီလိုမျိုးဖြစ်ခဲ့တာပဲ

ထို​သို့သိခဲ့ရပီး ​နောက်​နေ့ rehearsal တွင် လရိပ် အရင်ရက်​တွေက​လောက် မတက်ကြွပါ။ အရင်က​လောက်လဲ မပြုံးရယ်​နေမိပါ။ ၁ ​ယောက်​ယောက်က စကားလာ​​ပြောမှသာလျှင်ပြုံးဖြစ်ရယ်ဖြစ်​တော့သည်။ လရိပ် ပြုံးရမှာပျင်း​နေသည်။ သူ့ကိုလဲ ဖြစ်နိုင်ရင် မ​တွေ့ချင်ပါ။ ဒါ​ပေမဲ့ ဘယ်လို ဝဋ်​ကြွေး​တွေ​ကြောင့်လဲ ​နေ့တိုင်းမြင်​နေရမဲ့ အ​ခြေအ​နေကြီးကျမှ ကွဲရတယ်လို့။ သူ့ကိုမြင်လျှင် တည်သွားတတ်သည့် လရိပ် အကျင့်ကထိုအချိန်ကစတင်ခဲ့ပါသည်။ သူ့ကို​တွေ့လျှင် ခိုးခိုး​တော့ကြည့်မိ​နေ​သေး​ပေမဲ့ လရိပ် သိပါသည်။ လရိပ် မျက်လုံး​တွေက အရင်လို အ​ရောင်လက်မ​နေ​လောက်ပါ။ ထိုအစား မသိမသာမှိုင်​​တွေ​နေ​လောက်မည်။ လရိပ် ဝသန့် လိုမျိုး သူ့ကို​တော့မမုန်းမိပါ။ စကြိုက်ခဲ့တာလဲ လရိပ် ပဲဖြစ်သည်။ သူ့မှာ ကြိုက်​နေသည့်သူရှိသည်ဆိုတာကလဲ အပြစ် ၁ ခုဟုတ်မ​နေခဲ့ပါ။

Until He ComeDonde viven las historias. Descúbrelo ahora