Unicode
လရိပ် ဒီနေ့ ရှိုင်းသစ်ဦး နှင့်ချိန်းထားသောနေရာသို့ထွက်လာခဲ့တော့သည်။ လရိပ် ရောက်တော့ ရှိုင်းသစ်ဦး ကရောက်နှင့်နေပီဖြစ်ပီး လရိပ် ကိုစောင့်နေသည်။ လရိပ် ပဲစိတ်ထင်လို့လား၊ ဘာလားမသိပေမဲ့ ရှိုင်းသစ်ဦး ကဒီနေ့ကျမှပိုချောနေသလိုလို၊ မြင်နေကျနှင့်မတူဘဲ hoodie အဖြူလက်ကို တံတောင်နားထိတင်ကာဝတ်ထားပီး အောက်ကဂျင်းဘောင်းဘီနှင့် ရှူးအဖြူရောင်လေးစီးထားသည်။ ဆံပင်တွေကတော့ နဖူးပေါ်တွင်ကျနေကြသည်။ လရိပ် ကိုမြင်တော့ပါးချိုင့်တွေပေါ်အောင်ထိပြုံးပြနေပြန်ပါသည်။ လူငယ်ဆန်ပီး လွတ်လပ်သောပုံစံလေးကြောင့် လရိပ် သဘောကျမိသွားသည်။ လရိပ် ကသူနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။ လရိပ် လဲပြုံးပြလိုက်လျက်၊
'ပြော ဘာပြောချင်တာလဲ'
လရိပ် ပေါ့ပေါ့ပါးပါးသာ စကားလမ်းကြောင်းဖွင့်ပေးဖြစ်သည်။ သူဘာပြောမလဲဆိုတာကို သိနေလျက်ပေါ့။ ရှိုင်းသစ်ဦး ကနည်းနည်းချိတုံချတုံဖြစ်နေခဲ့ပီးမှ၊
'ကျွန်တော် မ ကိုစတွေ့ချင်းတည်းက မ ကကျွန်တော့်အာရုံတွေအားလုံးကို မ ဆီရောက်အောင်လုပ်နိုင်ခဲ့တယ် တဖြည်းဖြည်းကြာလာတော့ကျွန်တော် မ အကြောင်းတွေပါမှတ်ထားတတ်လာတယ်၊ ဥပမာ မ ကပန်းရောင်ကြိုက်တယ်၊ ကြောင်လေးတွေကိုချစ်တယ်၊ ကော်ဖီမကြိုက်ဘူး အဲ့လိုလေးတွေပေါ့ ကျွန်တော် ကိုယ့်ကိုကိုယ် သတိထားမိလိုက်တဲ့အချိန်မှာ ကျွန်တော် သိလိုက်ရတာ ၁ ခုရှိတယ် အဲ့တာက ကျွန်တော် မ ကို သဘောကျမိသွားပီ'
ခေါင်းထဲတွင် အချက်ပေးခေါင်းလောင်းမြည်လာသလို ရင်တွေလဲခုန်နေမိသည်။ လရိပ် ဘယ်လိုတုန့်ပြန်ရမလဲမစဉ်းစားတတ်တော့ဘဲ ဒီတိုင်းကြောင်ကြည့်နေမိတော့သည်။
'မ ကျွန်တော့်ကိုငြင်းချင်လဲရတယ်နော်...'
'မဟုတ်ဘူး ရုတ်တရက်ကြီးဖြစ်သွားလို့ ငါ့ကိုအချိန်လေးနည်းနည်းလောက်ပေး'
VOUS LISEZ
Until He Come
Roman d'amourသူ့ကိုဘယ်ချိန်ကစပီး ပြန်ချစ်မိသွားတာလဲဆိုတာ မပြောတတ်ဘူး ဒါပေမဲ့ သတိထားလိုက်မိတဲ့အချိန်မှာတော့ ငါ့ နှလုံးသားလေးက သူ့အတွက်ခုန်နေတတ်ခဲ့ပီ ငါ့ ဦးနှောက်လေးက သူ့အကြောင်းတွေကိုမှတ်ထားတတ်နေခဲ့ပီ ငါ့ နှုတ်ခမ်းတွေက သူ့ကိုတွေ့တိုင်း သူ့အတွက်အလှဆု...