အပိုင်း-(၆)

500 14 0
                                    

Unicode

လရိပ် တို့ကန်တင်း​ရောက်​​တော့ ထိုင်​နေကျဆိုင်တွင်ဝင်ထိုင်လိုက်သည်။ လရိပ် တို့ထိုင်​နေကျအတိုင်း လူအသွားအလာကို​သေချာမြင်ရ​သောအခြမ်းတွင် လရိပ် နှင့် ဝသန် တို့ကထိုင်ဖြစ်ကြပီး လရိပ် တို့နှင့်မျက်နှာချင်းဆိုင်တွင် သစ္စာ နှင့် ဖြူစင် တို့ကထိုင်ကြသည်။ စထိုင်လိုက်ပီဆိုသည်နှင့် ဝသန် မှာ
ဟန်မင်းဆက် ဆို​သောအကိုကြီးအ​ကြောင်းကို စ​ပြောပါ​​တော့သည်။

'ငါခုဏကပြုံး​နေတာ ဘယ်သူလဲသိလား'

'မသိလို့ ငါခုဏက ​မေးတာ​လေ'

​ ပြောစရာရှိတာကိုမ​ပြောဘဲ ​ပေရှည်​နေသဖြင့် ဖြူစင် ကစိတ်မရှည်စွာပြန်​ပြောလိုက်သည်။

'အဲ့တာ အကို ဟန်မင်းဆက်​ ​လေ'

'ဪ ဟုတ်လား ငါမမှတ်မိဘူး'

ဖြူစင် ကထိုသို့​ပြော​သောအခါ လရိပ် က၊

'ဒီ​လောက်ကြည့်​ကောင်းတာကို တကယ်​တော့ ငါလဲမမြင်လိုက်ဘူး'

'ဟက်​ရေ အပြင်မှာပိုချောတယ် သူ့ acc ထဲမှာဘာမှကိုတင်မထားတာ လူပုံနဲ့တူတာ​တောင်မ​တွေ့ဘူး'

လရိပ် မှာ​တွေး​တွေးဆဆ​လေးဖြင့်၊

'အဲ့ အကိုက နင့်ကိုကြိုက်​နေတာမဟုတ်ဘူးလား'

'ငါလဲ အဲ့လိုပဲထင်တယ် ခိခိ'

လရိပ် တို့​ပြော​နေသမျှကို လရိပ်တို့ ​နောက်ကဝိုင်းတွင်ထိုင်​နေ​သော မင်းစစ် တို့ကြားသွားလိမ့်မည်ဟု လရိပ် တို့လဲမသိခဲ့ပါ။
မင်းစစ် မှာသူတို့​ပြော​တာ​တွေကို နား​ထောင်မိ​နေရင်း စိတ်တွင် ဘာကိုအလိုမကျဖြစ်မှန်းမသိဖြစ်လာရသည်။ ဝသန် က သူ့ကိုမကြိုက်​တော့ဘူးဆိုတာကပဲ သူ့ကိုမ​​ကျေမနပ်ဖြစ်​စေတာလား ဒါမှမဟုတ် တခြား ၁ ခုခု​​ကြောင့်ပဲလားဆိုတာ မသိ​တော့ပါ။ မင်းစစ် အဲ့​နေ့က ၁ ​နေ့လုံးစိတ်ကြည်မ​နေခဲ့ပါဘူး။ အတန်းလဲမတက်ချင်​တော့တာနဲ့ ပြန်သာပြန်လာခဲ့လိုက်ပါ​တော့သည်။

​နောက်​နေ့,
လရိပ် ဒီ​နေ့​တော့ ​ကျောင်းကိုနည်းနည်း​စော​ရောက်လာခဲ့ပါသည်။ မနက်စာလဲစားလာတာမို့ ကန်တင်းမထိုင်​တော့ဘဲ အခန်းဆီသို့တန်း​​လျှောက်လာခဲ့ပါ​တော့သည်။ အခန်းဆီ​လျှောက်လာ​နေတုန်း အ​ရှေ့က ဖြူဖြူဖြူဖြူနှင့် လူရိပ်​တွေ့မိသဖြင့်ကြည့်လိုက်မိ​သောအခါ လရိပ် ​​ကိုယ့်ကိုကိုယ် သတိမထားလိုက်မိခင်မှာပင် 'ဂ'​ကွေ့ ​ကွေ့ကာ ပြန်​လျှောက်လာခဲ့မိပါ​တော့သည်။

Until He ComeWhere stories live. Discover now