အပိုင်း-(၁၂)

433 12 0
                                    

Unicode

ဒီလိုနဲ့ပဲ အချိန်​တွေတဖြည်းဖြည်းကုန်သွားခဲ့ပီး welcome ​နေ့ကို​​ရောက်လာခဲ့​တော့သည်။ လရိပ် နဲ့ လွန်းခန့်ပိုင် ရဲ့အ​ခြေအ​နေက​တော့ အရင်ကလိုမဟုတ်​တော့ဘူးဟု ၂ ​ယောက်လုံးခံစားလာရ​​တော့သည်။ ရှိုင်းသစ်ဦး ​ကြောင့် ပထမဆုံးရန်ဖြစ်ခဲ့ပီးသည့်​နေ့​နောက်ပိုင်းတွင် လရိပ် လွန်းခန့်ပိုင် နဲ့အရင်က​လောက်စကား​ပြောရတာအဆင်မ​ပြေ​တော့ဘူးဟုခံစားလာရသည်။ ၂ ​ယောက်က​တွေ့ရင်လဲ ဘာ​ကြောင့်မှန်းမသိ​ပြောစရာ​တွေနည်းလာသည်ဟုခံစားရသည်။ အ​ကြောင်းမှာ​တော့ စကား​လေးနည်းနည်းမှားသွာတာနဲ့ ​အေးစက်သွားတတ်​သောအ​ခြေအ​နေကြီး​​ကြောင့်ဖြစ်သည်။ လရိပ် လွန်းခန့်ပိုင် နဲ့တွဲရတာကိုတဖြည်းဖြည်း မ​ပျော်​တော့ဘဲဖြစ်လာသည်။ ဒီ​နေ့​တော့ EP welcome ​နေ့ဖြစ်တာ​ကြောင့် hall ထဲတွင် လရိပ် ​ရော ဝသန် ​ရော ဖြူစင် ​ရောရှိ​နေကြသည်။ သစ္စာ က​တော့ သူ့​မေဂျာလဲမဟုတ်သဖြင့် အိပ်​ရေးဝ​အောင်အိပ်ပီးမှ လာလိမ့်မည်။ အဲ့​နေ့က​တော့ လရိပ် နဲ့ ဝသန် တို့ ၂ ​ယောက်လုံးအတွက် တကယ့်​နေ့ ၁ ​နေ့ဖြစ်လိမ့်မည်ဟု ဘယ်သူမှ ကြို​​တွေးထားခဲ့မိလိမ့်မည်မဟုတ်ပါ။
ခဏကြာ​တော့ ပွဲစသည်။ selection ​တွေ ဒုတိယ round စ​လျှောက်​တော့မှ သစ္စာ​ရောက်လာသည်။ ဝသန် က သစ္စာ ကိုကြိုလိုက်ပါသည်။

'နင်မလာ​တော့ဘူး​တောင်ထင်​နေတာ ​နောက်ကျလို့ စားစရာ​တော့ မ​​ပေးနိုင်ဘူး မဲ​တော့​ပေးသွား'

'နင်ကလဲ ငါအိပ်​ပျော်သွားလို့ဟာကို'

ဝသန် ကမျက်​စောင်း ၁ ချက်လှည့်ထိုးလိုက်ပီး​နောက် မဲစာရွက်ကို​​​ပေးလိုက်ပါသည်။ မဲ​ပေးရသည်မှာ ဝသန် နှင့် လရိပ် တို့​ပြောထား​သော သူကိုသာ ​ပေးရသဖြင့် သစ္စာ သက်ပြင်းသာချလိုက်ပါ​တော့သည်။ သို​ပေမဲ့ ဝသန် နဲ့ လရိပ် ​ပြောတဲ့သူ​တွေကပဲ ​​ချောတာ​တော့အမှန်ဖြစ်သည်။ သစ္စာ ကခါးနံပါတ်​တွေ​ရေး​ပီး​တော့ ဝသန် ကိုမဲစာရွက်ပြန်​ပေးလိုက်ပါသည်။ ပွဲပီးသွား​သောအခါ ထင်ထားသည့်အတိုင်းပင် ရှိုင်းသစ်ဦး က King၊ ရတီ​ခေတ် ဆို​သော​ကောင်မ​လေးက queen ဖြစ်သည်။ လရိပ် တို့က​တော့ ပွဲပီးသည်အထိ စင်​အောက်က​စောင့်​နေရတာဖြစ်သည်။ ဆု​တွေယူပီးသွားလို့ ပြန်ဆင်းလာတဲ့အခါ ရတီ က လရိပ် ကိုနှုတ်ဆက်သည်။

Until He ComeDonde viven las historias. Descúbrelo ahora