အပိုင်း-(၁၁)

465 12 0
                                    

Unicode

ထို​ကောင်​လေး ၁ ချက်ပြုံးသွားတာကို  လရိပ် ​တွေ့လိုက်ရသည်။ ပါး ၁ ဖက်မှာ ပါးချိုင့်​လေး​ပေါ်လာသည်။ လရိပ် သာတကယ်ရည်းစားမရှိတဲ့သူဆို ပစ်​ကြွေမိ​လောက်သည်။ ဝသန့် ကိုလှည့်ကြည့်မိ​တော့လည်း ဝသန် ၁ ​ယောက်​ငေးကြည့်​နေတာ မျက်​​တောင်ပင်ခပ်ဖို့​​မေ့​နေသည်ထင်သည်။

'အမ က selection ထဲပါ​စေချင်ရင် ပါပါ့မယ်ဗျာ'

ထို​ကောင်​လေးအ​​​ဖြေ​​ကြောင့် လရိပ် တို့​ပျော်သွားရသည်။ ဝသန် နဲ့ လရိပ် ကနာမည်စာရင်း​​ကောက်ရန် ထို​ကောင်​လေးဆီသွားလိုက်သည်။ လရိပ် ကမှတ်မည့်စာရွက်ကို သူ့​ရှေ့စားပွဲ​ပေါ်တွင်တင်လိုက်သည်။

'​​မောင်​လေး နာမည်ဘယ်လို​ခေါ်လဲ'

'ရှိုင်းသစ်ဦး'

လရိပ် selection စာရင်းထဲတွင်သူ့နာမည်ကိုထည့်​ရေးလိုက်သည်။ ခု​တော့ selection ​ပေါ့၊ ဒါ​ပေမဲ့ ​သေချာတာက​တော့ king လဲသူပဲဖြစ်လိမ့်မည်။ လရိပ် ပြုံးပြလိုက်ကာ၊

'​ကျေးဇူး​နော်'

​ဝသန် ရှိုင်းသစ်ဦး ကိုလိုက်အကဲခတ်​နေမိသည်။ ခုဏက လရိပ် ၁ ချက်ပြုံးပြလိုက်တာကို အဲ့​ကောင်​လေး ​၁ ချက်​ကြောင်​ငေးကြည့်သွားသည်။

ဒီ​ကောင်​လေး လရိပ် ကိုသ​ဘောကျသွားတာပဲ ကွဲရ​တော့မယ် ဟို​ကောင်မကဖြင့် သူ့​ကောင်​လေးမှ သူ​ကောင်​လေးပဲ

ဝသန် ​တွေးရင်း လရိပ် ကိုလဲ ၁ ချက်ကြည့်လိုက်မိပါ​သေးသည်။ သူတို့​တွေ စာရင်း​​​ကောက်ပီးကြ​တော့ပြန်လာခဲ့ကြသည်။ လရိပ် တို့ထွက်လာ​တော့ လွန်းခန့်ပိုင် နှင့် မင်းစစ် ကအ​ဆောင်​​ရှေ့တွင် တကူးတကကို​စောင့်​နေကြသည်။ လွန်းခန့်ပိုင် က သူ့ရည်းစားကိုလာ​စောင့်တာထားပါ​တော့ ​​ဘေးက ၁ ​ယောက်က ဘာအတွက်​ကြောင့်ပါလာရသလဲ ဝသန် စဉ်းစားလို့မရပါ။ လရိပ် က လွန်းခန့်ပိုင် ကို​တွေ့တာနဲ့ ​တောက်​တောက်ပပကိုပြုံးပြ​နေ​တော့သည်။  ဒါကို ရှိုင်းသစ်ဦး မမြင်သွားဖို့လဲ ဝသန်ကြိတ်ဆု​​တောင်းရ​သေးသည်။ ​​ကျန်တာအ​ရေးမကြီး​ပေမဲ့ ​တော်ကြာ selection ထဲမပါ​တော့ဘူးဆိုမှ ဒုက္ခ။
အနား​ရောက်​တော့ ဝသန် လဲမ​ကောင်းတတ်သဖြင့် မင်းစစ် ကိုပြုံးပြလိုက်သည်။ တကယ်က​တော့ ဝသန် ခုရက်ပိုင်း သူ့ကိုသိပ်မ​တွေ့ချင်ပါ။ ဘာ​ကြောင့်မှန်းမသိ မင်းစစ် ကသူမကို play ​နေသည်ဟုခံစား​နေရ​သော​ကြောင့်ဖြစ်သည်။

Until He ComeDonde viven las historias. Descúbrelo ahora