အပိုင်း-(၁၈)

556 10 0
                                        

Unicode

ဝသန် က​ပြောချင်တာ​ပြောပီးချက်ချင်းဖုန်းချသွားတာ​ကြောင့် ဟန်မင်းဆက်​ ဘာမှပြန်​​​ပြောချိန်​တောင်မရလိုက်​တော့ပါ။ ချသွား​သောဖုန်းကိုကြည့်ရင်းသာပြုံး​လိုက်မိပါ​တော့သည်။

ဝသန် ​​ကျောင်းကို​ရောက်သွားတဲ့အချိန်မှာ​တော့ အတန်းထဲတွင်လူပင်အ​တော်စုံ​နေပီဖြစ်သည်။ ဝသန် က လရိပ် နှင့် သစ္စာ ကြားတွင်ဝင်ထိုင်လိုက်​တော့သည်။ ​ခေါင်း ၃၆၀ ဒီဂရီလှည့်ကာ ကျူတို​ဖြေပီးသွားသည့်​နောက်မှာ​တော့ ၄ ​ယောက်သား အိတ်ကိုယ်စီလွယ်ကာ အတန်းထဲမှ ထွက်လာခဲ့ကြပါ​တော့သည်။

'ဟဲ့ ​နောက်ချိန် အင်္ဂလိပ်စာချိန်မလား'

ကန်တင်းသွား​နေရင်းမှ ဝသန် က​မေးလိုက်တာဖြစ်သည်။ ဖြူစင် က ၁ ခုခုကိုကြိုသိ​နေပုံဖြင့်၊

'ဟုတ်တယ် အတန်းလစ်ဦးမလို့လား'

ဝသန့် ကို​ပြောလိုက်​ပေမဲ့ လရိပ် ကကြားထဲကဝင်​ဖြေလိုက်သည်။

'​အင်း ငါ​တော့ မတက်​တော့ဘူး'

'သူက ဘဲရှိလို့ ဘဲနဲ့ချိန်း​တွေ့ဖို့ လစ်တာထားပါ​​တော့ နင်ကဘဲလဲမရှိဘဲ ဘာလို့လစ်မှာလဲ'

ဖြူစင့် စကား​ကြောင့် အကုန်လုံးပြုံးသွားကြသည်။

'နင်ကလဲ လူကိုတအားနှိမ်တာပဲ'

ထိုအခါ ဝသန် ကြားဖြတ်​ပြောလာသည်။

'ငါလဲ ချိန်း​​တွေ့လို့ မရပါဘူးဟယ် သူဒီ​နေ့ အတန်းချိန်အပြည့်ရှိတယ်'

'မထူးပါဘူး ငါတို့ဒီနားမှာ ဆိုဂျူ​လေးနည်းနည်းဝယ်ပီး လရိပ် အိမ်မှာ အပျင်း​ပြေ​သောက်ရ​အောင်'

ဒါက​တော့ အ​သောက်သမား​လေး သစ္စာ ကမဲဆွယ်လာတာဖြစ်​တော့သည်။ သိပ်မ​သောက်ချင်ကြ​သော သူငယ်ချင်း​တွေကလဲ ၂ ခွန်းမ​ပြောရဘဲ သ​ဘောတူလိုက်ကြပီး လရိပ် အိမ်တွင်စုဖြစ်ကြ​တော့သည်။ လရိပ် အိမ်​တွင် ကာရာအို​ကေဆိုရန် မိုက်လဲရှိတာ​ကြောင့် လရိပ် အိမ်တွင်အများဆုံးစုဖြစ်ကြသည်။ ဒီ​​နေ့လည်း လရိပ် အိမ်တွင်စတည်းချဖြစ်ကြသည်။ လရိပ်အိမ်​ရောက်​​သောအခါ ခင်းကျင်းပြင်ဆင်ကြပီး uno လဲ​ဆော့ကြ​​သေးသည်။ ခုချိန်က​တော့ သီချင်းဆိုရန် အချိန်ကျ​ရောက်လာပီဖြစ်ပီး လရိပ် ကအဖွင့်စဆို​လိုက်​တော့သည်။

Until He ComeWhere stories live. Discover now