14

34 0 0
                                    

📚 လူသိနည်းတဲ့ Anguish နဲ့ Angst ဆိုတဲ့ စကားလုံးနှစ်လုံးကို အလွယ်မှတ်နည်းလေး ပြောပြပါမယ်။

🙁 လေ့လာမိသလောက် Ang နဲ့ စတဲ့
စိတ်အခြေအနေပြ စကားလုံးများဟာ 
#မကောင်းတဲ့သဘော ဆောင်တာ တွေ့ရပါတယ်။

ဥပမာ
😡 Anger = ဒေါသ။

😥 Anxiety = စိုးရိမ်ကြောင့်ကြပူပန်မှု။
(အသံထွက်ရင် Ang.zie.ty လို့ Ang- နဲ့ထွက်ပါတယ်။)

👨‍🏫 ဒါဖြင့် Anguish နဲ့ Angst ဆိုတာလေးကို ကြည့်ကြည့်ရအောင်။

😫 Anguish /ˈ‍æŋɡwɪʃ/ (~အန့်ဂွတ်ရှ်)
= severe physical or mental pain, difficulty or unhappiness (မချိတင်ကဲဝေဒနာ)

😫 He groaned in anguish.
သူ မချိတင်ကဲ ညည်းညူခဲ့သည်။

😰 Angst /æŋst/ (~အန့်စ်ထ်)
= a feeling of great worry about a situation, or about your life (ဘဝအတွက်၊ တစ်ခုခုအတွက် အလွန်အမင်း စိတ်ပူပန်မှု)

😰 We are living with angst during these days.
ဒီရက်တွေမှာ ကျွန်တော်တို့ ပူပန်ကြောင့်ကြမှုတွေနဲ့ ရှင်သန်နေထိုင်ကြရတယ်။

🔎 ဒါဖြင့် Angry, Anxiety, Anguish, Angst စတဲ့
Ang နဲ့ စတဲ့ စိတ်အခြေအနေပြစကားလုံး
အဘိဓာန်တစ်အုပ်လုံးမှာ ၄ လုံးပဲ ရှိပါတယ်။
အားလုံးဟာ မကောင်းတဲ့အဓိပ္ပာယ်တွေပါ။

📝 ဒီကနေမှ သူတို့ရဲ့ Adjective ပုံစံတွေကို
ဆက်လေ့လာမယ်ဆိုရင်
Adjective ပြောင်းပုံ ၄ မျိုးကို တွေ့နိုင်ပါတယ်။

😡 Anger        ➡ Angry (-y)
😥 Anxiety     ➡ Anxious (-ous)
😫 Anguish    ➡ Anguished (-ed)
😰 Angst        ➡ Angst-ridden/ Angsty

👨‍🏫 ဒီနေရာမှာ -ridden ဆိုတာလေးက
အခြေခံအဆင့်မှာ တွေ့ရနည်းပါတယ်။
မကောင်းတဲ့ Noun တွေနောက်ကလိုက်တဲ့
နောက်ဆက်စကားလုံးပါ။

-ridden /ˈ‍rɪdn/ (~ရစ့်ဒန်)

= full of a particular unpleasant thing
(ပြည့်နှက်နေသော)

🏥 a disease-ridden slum = ရောဂါထူပြောတဲ့ ဆင်းရဲသားရပ်ကွက်

🌇 a class-ridden society = လူတန်းစားခွဲခြားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်

😥 She was guilt-ridden at the way she had treated him.
သူမဟာ သူ့အပေါ် ဆက်ဆံခဲ့မိတဲ့ပုံစံကြောင့် အပြစ်ရှိတဲ့ စိတ်ခံစားချက်တွေနဲ့ ပြည့်နှက်နေတယ်။

With love,
YKL
4 Nov 2022

With love,YKL4 Nov 2022

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Let's learn English Where stories live. Discover now