🌿မောင့် ရင်ထဲက နွယ်🌿
Part-2"ဒေါက်....ဒေါက် နွယ်ရေ နွယ်ရေ...နွယ်"
"ဟုတ်ကဲ့ နွယ် ထနေပါပြီ၊နွယ် ပြီးရင်ဆင်းခဲ့မယ်နော်"
နွယ် ကုတင်ခေါင်းရင်းနားက alarm
clock ကိုဆွဲယူကာ..."ဟယ်... ၇ နာရီတောင်ခွဲပြီ...ဘာလို့ နင့်အသံကိုငါမကြားရတာလဲ"
ဟုပြောရင်း alarm clock ကိုလက်နှင့်ရိုက်ကာ အပြစ်တင်လိုက်သည်။
"Morning...ကိုကိုကြီး"
"အင်း....လာထိုင် ညကအိပ်ယာဝင်တာနောက်ကျလို့လား...
ဒီနေ့ အိပ်ယာထ နောက်ကျတယ်နော် ညီမလေး"
"ဟိ...ဟိ"ဟု နွယ်က သွားထပ်လေးတွေပေါ်အောင်ရယ်ပြရင်း လက်ဖက်ရည်ခွက်ကို လှမ်းဆွဲလိုက်သည်။
"အော်...ကိုကိုကြီး နွယ့်ကို ကိုကိုကြီးကားနဲ့တစ်ခါတည်းခေါ်သွားပါလား၊
နွယ် ညနေပြန်လာရင် ခိုင့်ကိုပဲ လိုက်ပို့ခိုင်းလိုက်မယ်""ညီမလေးကားက ဘာဖြစ်လို့လဲ"
"နွယ့် ကားက ဘာမှမဖြစ်ပါဘူး၊တစ်ခါတစ်လေ ကိုကိုကြီးဘေးက လိုက်ချင်လို့။ ။"
"နွယ်တို့များ ကိုရဲနောင်ကိုဒုက္ခပေးလာပြန်ပြီ"
"ဒုက္ခလို့လည်းမဟုတ်ပါဘူး၊လမ်းကြုံတာနဲ့ ညီမလေး အဲ့ဆို ကိုကိုကြီးသွားတော့မယ်နော် ခွင့်ပြုပါဦးဗျာ..." ဟုပြောရင်းထွက်သွားသော ရဲနောင် ကိုကြည့်ကာ ခိုင်က...
"နွယ်တို့များ ဒီလိုရုပ်ချောချော အစ်ကိုတစ်ယောက်ရှိတာကောင်းလိုက်တာ"
"အော်... နွယ် ဒီနေ့ ပစ္စည်းအသစ်တွေ လာချမယ်တဲ့ တို့တော့ဒီနေ့...
အလုပ်ရှုပ်မယ်ထင်တယ်၊နွယ်ကဘာလို့နောက်ကျနေတာလဲ"
"ဘာရယ်မဟုတ်ပါဘူး ခိုင်ရယ်..."ဟုပြောကာ နွယ် ပြုံးနေသည်။
"ခိုင်ရယ် ထုံးစံအတိုင်း နွယ် Drama တွေအကြည့်များလို့နေမှာပေါ့"
ရယ်ရယ်ပြုံးပြုံး ဝင်ပြောလိုက်သော ဇာဇာ..."You နော်...တို့ကအရင်ကလောက် သိပ်မကြည့်တော့ပါဘူး"
"ဒါနဲ့လေ ခိုင်နဲ့ ဇာဇာကို နွယ် ပြောစရာရှိတယ်"
YOU ARE READING
🌿မောင့် ရင်ထဲက နွယ်🌿
General Fictionကျေးဇူးပြုပြီး နှလုံးသားနှစ်ခုပေါင်းစပ်တဲ့အခါ....မလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို မထားကြပါနဲ့။ ဖြစ်တည်မှုတိုင်းကို တန်ဖိုးထားပေးကြပါ။ ပကာသနတွေ...အသက်အရွယ်တွေ...အဆင့်အတန်းတွေ...ရုပ်ပိုင်းဆိုင်ရာတွေ... ဒီလိုအရေးမပါတဲ့ ဟာတွေနဲ့...လူနှစ်ယောက်ရဲ့နှလုံး...